အပိုင်း - ၆ (U+Z)

30.2K 4.1K 153
                                    

Unicode

လေးနှစ်ကြာပြီးနောက်။

'Little Sun' မူကြို၏ဝင်ပေါက်တွင် ဆရာမ
ခပ်ငယ်ငယ်တစ်ဦးနှင့် ကလေးနှစ်ယောက်
မတ်တတ်ရပ်နေကြသည်။

ကလေးတစ်ဦးတွင် နီညိုရောင်ဆံပင်ကောက်ကောက်လေးများ ရှိသည်။ ကောင်လေးက အလွန်
ချစ်စရာကောင်း၏။ mixed race doll လို
သေးသေးလေး။ မျက်ဝန်းကြီးကြီးတစ်စုံက
ပယင်းရောင်လဲ့နေကာ မျက်တောင်မွေးများ ထူထဲ
ကော့ညွှတ်သည်။ အသားမှာ ဖွေးဥနေပြီး နို့လို
ကြည်လင်သန့်စင်လျက်။ အဖြူရောင်အနွေးထည်
အထူကြီးကို အဝတ်အစားပေါ်မှထပ်၍ ဝတ်ဆင်ထားသည်။ မာဖလာအဖြူကိုလည်း ပတ်ထားရာ
နှင်းဘောလုံးလေးသဖွယ် လုံးဝန်းနေပြီး သိပ်ကို
ချစ်စရာကောင်းနေ၏။

‌ဘေးမှာရပ်နေသောကလေးကမူ နှုတ်ခမ်းစူနေပြီး
အေးတိအေးစက်မျက်နှာနှင့် မျက်မှောင်ကုတ်ထားသည်။ သို့သော် ကလေးအရွယ်ပဲရှိသေး
သဖြင့် ယခုလိုအမူအရာကိုပေါင်းစပ်လိုက်သော
အခါ အလွန်ရယ်စရာကောင်းနေသည်။

ထိုကောင်လေးကလည်း ထူးထူးခြားခြားချစ်စရာ
ကောင်းရှာသည်။ သို့ရာတွင် အဝတ်အစားက
အတန်ငယ်ဟောင်းနွမ်းနေကာ အနားသတ်များ
ဖွာနေသည့်အပြင် ကျောပိုးအိတ်ပေါ်တွင်
ဆီကွက်များ ထင်သာမြင်သာစွာ။ ဂရုတစိုက်
ဥထားသောပဲလုံးလေးနှင့် ဘေးချင်းယှဉ်ရပ်နေ
သည့်အခါ ထိုကောင်လေးက ပို၍အကြမ်းခံသလို
ထင်ရပေသည်။

ဆရာမက ဆောင့်ကြောင့်ထိုင်ကာ အတန်း၏
ချစ်ဖို့အကောင်းဆုံး၊ အလိမ္မာဆုံးကောင်လေးကို
နှစ်သိမ့်လိုက်သည်။

"ရှောင်အိုက်...မငိုပါနဲ့၊ မကြာခင် အဖေလာလိမ့်မယ်"

လင်းခယ်အိုက်က ခေါင်းညိတ်ပြီး ကျောပိုးအိတ်မှ
ကြိုးကို လက်နုနုလေးဖြင့် ရစ်လိမ်နေသည်။

လင်းခယ်အိုက်သည် ကျောင်းဂိတ်ဝမှာရပ်နေရင်း
အချိန်အတော်ကြာအောင် ဟိုဟိုဒီဒီကြည့်မိရာ
မိဘများက သူ့အနားမှကလေးအားလုံးကို
တစ်ယောက်ပြီးတစ်ယောက် လာကြိုသွားကြလေ
သည်။ သူ နှုတ်ခမ်းသပ်ကာ ငိုချင်နေပြီဖြစ်သော်
လည်း မျက်ရည်မဝဲအောင် ကြိုးစားနေရ၏။

ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]Where stories live. Discover now