အပိုင်း - ၃၃ (U+Z)

23.6K 3.3K 104
                                    

Unicode

လင်းကျစ်ရှက သူ့ကို မမှိတ်မသုန်ကြည့်နေကာ
မျက်ဝန်းတို့မှာ မယုံနိုင်ဟန်အထင်းသား။

"ခင်ဗျား ဘာတွေပြောနေတာလဲ"

လော့ချင်က နက်ရှိုင်းသောအသံနှင့် ထပ်ပြော
သည်။

"လင်းကျစ်ရှ..ကိုယ် မင်းကို သဘောကျတယ်"

လင်းကျစ်ရှ အနောက်ဘက်သို့ ခြေတစ်လှမ်း
ယိုင်သွားကာ နံရံကိုမှီထားလိုက်ရသည်။
အိပ်မက်မက်နေတာ ဟုတ်၊မဟုတ်
သေချာအောင် သူ့လက်သူ ဆွဲဆိတ်ကြည့်
လိုက်၏။

နာသည်၊ တကယ်ကို အိပ်မက်မဟုတ်ပေ။

သို့သော် လုံးဝမဖြစ်နိုင်သလိုခံစားရဆဲ။

လော့ချင်က သူ့ကို ကြိုက်တယ်လို့ တကယ်
ပြောလိုက်တာလား? ဘယ်လိုပဲ‌တွေးတွေး
မဖြစ်နိုင်ဘူးလေ...

"ခင်ဗျား အရက်မူးနေတာလား"

လင်းကျစ်ရှ သံသယနှင့်မေးမိသည်။

"ဒါမှမဟုတ် ခင်ဗျား အိပ်ရေးမဝလို့ ကယောင်ချောက်ချားပြောနေမိပြီ ထင်တယ်"

လင်းကျစ်ရှ၏မျက်ဝန်းအစုံမှာ အပြည့်အဝ
ရှုပ်ထွေးနေကာ သတိကြီးကြီးထားနေပုံရ
သဖြင့် လော့ချင်အပြုံးက ခါးသက်သွားခဲ့
သည်။

"ကိုယ် အတည်ပြောနေတာ"

လော့ချင်က ထပ်ခါထပ်ခါအတည်ပြုပေး
နေသဖြင့် လင်းကျစ်ရှ ထိုသူ့စကားကို
တဖြည်းဖြည်းယုံကြည်စပြုလာပြီ။

အမှန်တော့ လော့ချင်က ထိုသို့သောကိစ္စကို
နောက်ပြောင်မည့်လူမျိုးမဟုတ်မှန်း
လင်းကျစ်ရှ စိတ်ထဲသိထားသော်လည်း
ကျိုးကြောင်းမသင့်သလိုခံစားရသောကြောင့်
ဖြစ်သည်။ လတ်တလော လော့ချင်က
သူ့အပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံပြီး
လော့ယောင်နှင့်ချောင်မေ့ရှေ့မှာပါ ကာကွယ်
ပေးခဲ့သော်ငြား လင်းကျစ်ရှ ထင်ခဲ့တာက
ထိုသူ သူ့အပေါ် တောင်းပန်လိုသည့်သဘော
နှင့် ပြုမူခြင်းဖြစ်မည်ဟူ၍။ သို့မဟုတ်လျှင်
လော့ချင်က ရှောင်အိုက်ကို တအားချစ်သဖြင့်
သူ့ကိုပါ ဂရုစိုက်ပေးတာဖြစ်နိုင်သည်။
ယခုလို အကြောင်းပြချက်ကြောင့်ဟု
တစ်ခါမှမတွေးဖူးပေ။ ယင်းကို နောက်ခံပြု
စရာအကြောင်းမရှိ။

ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]Where stories live. Discover now