အပိုင်း - ၁၈ (U+Z)

28.3K 3.9K 111
                                    

Unicode

လော့ချင် လှည့်ထွက်ဖို့ရည်ရွယ်ပြီး ခြေလှမ်း
အချို့လှမ်းလိုက်သော်လည်း တစ်ဖန်ပြန်လှည့်
လာကာ လင်းကျစ်ရှကို အေးတိအေးစက်
ပြောလိုက်သည်။

"ငါ မင်းကို လိုက်ပို့မယ်"

"ကျွန်တော်ပဲ လင်းကျစ်ရှကို လိုက်ပို့ပါ့မယ်"

ချင်းကျယ်က ခြေတစ်လှမ်းတိုးကာ-

"မစ္စတာလော့၊ အလုပ်ရှုပ်ခံစရာမလိုပါဘူး"

"ငါ ကားနဲ့လိုက်ပို့မှာ၊ ဒီပတ်ဝန်းကျင်တစ်ဝိုက်ဆို
တက္ကစီငှားဖို့မလွယ်ဘူး၊ ဒါမှမဟုတ် မင်းက
လင်းကျစ်ရှကို ဘတ်စ်ကားစီးပြီး ပြန်‌စေချင်တာလား"

တစ်ဖက်မှာတော့ ကာယကံရှင်လင်းကျစ်ရှမှာ
နည်းနည်း ကသိကအောက်ဖြစ်လာရသည်။

ဒီနှစ်ယောက်က ဘာအကြောင်းကြောင့်
စကားနိုင်လုနေရတာလဲ...

ပြီးတော့ ရုတ်တရက်ကြီး ပြန်ဖို့ပြင်နေပြီ။

လင်းကျစ်ရှ တိုးတိုးတိတ်တိတ် မျက်ဆံလည်မိ
သွားပြီး ထိုနှစ်ဦးသာ ဆူဆူညံညံစကားများနေဦးမည်ဆိုလျှင် သူ့လက်နှစ်ဖက် ပုပ်သွားလောက်
သည်ဟု တွေးမိ၏။

ချင်းကျယ်က လော့ချင်ကိုလှမ်းကြည့်ကာ
ပြုံးလိုက်သည်။

"ဒီလိုဆိုရင်လည်း ဝန်ပိုစေမိပါပြီ"
.
.
.
ကားနောက်ခန်းတွင် အတူထိုင်နေသော
လင်းကျစ်ရှနှင့်ချင်းကျယ်တို့နှစ်ဦးကို လော့ချင်
နောက်ကြည့်မှန်ကတစ်ဆင့် ကြည့်နေမိသည်။

သူတို့နှစ်ယောက်ထိုင်တာ နည်းနည်းကပ်နေ
သလိုပဲ....

ချင်းကျယ်က လော့ချင်၏အကြည့်ကို ခံစားမိ
သည့်အတိုင်း လင်းကျစ်ရှဘေးသို့ ပိုတိုးလာသည်။

မျက်နှာပြောင်တိုက်လိုက်တာ!

ချင်းကျယ်က လင်းကျစ်ရှကို ညင်သာစွာတွန်းပြီး-

"ရှောင်ရှ၊ မင်း ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေချင်တယ်လို့ အစ်ကို့ကို ပြောဖူးတယ်လေ၊ အဲဒါ
အစ်ကို လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို
ကူမေးပေးမယ်"

ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]Where stories live. Discover now