အပိုင်း - ၃၇ (U+Z)

24.8K 3.2K 169
                                    

Unicode

လင်းကျစ်ရှ လှည့်ထွက်တော့မည့်အချိန်မှာပဲ
လော့ချင်က လှမ်းဆွဲလိုက်၏။

"ရှောင်ရှ"

လော့ချင်က စိုစွတ်စွတ်မျက်ဝန်းတို့နှင့်
မော့ကြည့်ကာ

"‌ကိုယ် မင်းနဲ့အိပ်ချင်တယ်"

လင်းကျစ်ရှ စိတ်ထဲ ဝုန်းခနဲပေါက်ကွဲသွား
သည်။

ဒီလိုစကားကိုလည်း ပြောနိုင်သေးတယ်လား!?

သူ လော့ချင်ကို မယုံသင်္ကာကြည့်ရင်း

"ခင်ဗျား ဘာတွေတွေးနေတာလဲ!?"

"ကိုယ် အိပ်မပျော်တာ ရက်အတော်ကြာပြီ၊
မျက်လုံးမှိတ်လိုက်တိုင်း သူ့အ‌ကြောင်း
အမြဲစဉ်းစားမိတယ်"

လော့ချင်က လင်းကျစ်ရှကို မျှော်လင့်တကြီး
ကြည့်ကာ ပူဆွေးနေသလို၊ အသနားခံသလို။
ပုံမှန်လေသံထက် တိုးတိမ်သည်ကိုကြည့်ခြင်း
အားဖြင့် သိနိုင်၏။ တိတ်ဆိတ်သောညအခါ
မှာ လေတိုးတိုက်ချိန် လှုပ်ခတ်သွားသည့်
ကြိုးမျှင်သဖွယ်။

"ကိုယ် မင်းနဲ့အတူအိပ်ရင် အိပ်ပျော်နိုင်
လောက်မယ် ထင်လို့"

လင်းကျစ်ရှအမြင်မှာ လှည့်စားနေသလို
ထင်ရသည်။

လော့ချင် ကျီစယ်နေသလားဟု သူထင်မိ
သော်လည်း ထိုသူ့ပုံစံကိုကြည့်ရတာ
တကယ် အလေးအနက်ပြောနေသလိုပင်။

"ခင်ဗျား ကျွန်တော်နဲ့အိပ်ရင် တကယ်
အိပ်ပျော်မှာလား"

လော့ချင်က လင်းကျစ်ရှကို ရှေ့နားသို့
ဆွဲလိုက်ကာ ညင်ညင်သာသာခေါင်းညိတ်
သည်။

"အင်း၊ မင်းဘေးမှာရှိနေရင် ကိုယ် အိပ်ပျော်
နိုင်လိမ့်မယ်"

ဘာကြောင့် ဒီလောက်ထိ ယုံကြည်ချက်ရှိနေ
သလဲဟု လင်းကျစ်ရှ မေးချင်မိသော်လည်း
လော့ချင်၏ခပ်နွမ်းနွမ်းမျက်နှာ၊ ကူကယ်ရာမဲ့
နေမှန်း ထင်ရှားသော အဆင်ပြေချင်ယောင်
ဆောင်နေသည့်ပုံစံကိုကြည့်ရင်း သူ
တစ်စုံတစ်ရာ ပြင်းပြင်းထန်ထန်ပြောပစ်ဖို့
မတတ်နိုင်တော့ချေ။

"မဖြစ်ဘူး၊ ညဘက် ရှောင်အိုက်နိုးလာလို့
ကျွန်တော့်ကိုမတွေ့ရင် ငိုနေလိမ့်မယ်"

ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]Where stories live. Discover now