Chp(1)

5.2K 617 28
                                    

[Unicode] 

⛔ Character နာမည်တွေက ယန်ကျွင်(嚴準) × ဖိန်ရန်(裴然) ပါနော်။ ရှေ့ပိုင်းတွေမှာ နာမည်လွဲနေတာ။ ဖြည်းဖြည်းချင်း ပြန်ပြင်ပေးမယ်နော်။ နောက်ပိုင်းတော့ ပြန်ပြင်ထားပြီးပါပြီ။

_________
 

  ဖိန့်ရန်တစ်ယောက် PUBG ကစားနေတုန်း သူ့ရည်းစားက ခြေလှမ်းနည်းနည်းပျက်နေတာကို စတင်သတိပြုမိခဲ့တာ ဖြစ်တယ်။

    သူ့ရည်းစားနာမည်က လော့ချင်ရှန်းဖြစ်တယ်။ သူတို့နှစ်ယောက်က အထက်တန်းဒုတိယနှစ်မှာ ရည်းစား စဖြစ်ခဲ့ကြတယ်။ အခုဆို သုံးနှစ်နီးပါးရှိနေပြီ။ နောက်တော့ သူတို့ တက္ကသိုလ်တူတူတက်ခဲ့ကြပေမဲ့ မေဂျာတော့မတူကြပေ။

   ဒီနေ့က ကျောင်းပိတ်ရက်။ သူ အိမ်ပြန်လာခဲ့တယ်။ ညစာစားပြီးနောက် သူ လိုင်းပေါ်တက်ကာ လော့ချင်ရှန်းနဲ့ vd call ပြောခဲ့တယ်။ နောက်ဆုံးမှာ လော့ချင်ရှန်းက သူ့ကို ဂိမ်းကစားဖို့ ဖိတ်ခေါ်တော့တယ်။

   သူတို့နဲ့ တူတူကစားကြမယ့်သူက လော့ချင်ရှန်းရဲ့ အတန်းဖော်။ ဖိန့်ရန် သူ့နာမည်ကို မသိပေ။ ထိုသူက အရပ်မမြင့်ဘူး, နှင်းလိုဖြူဖွေးနေတာကိုသာ သိတယ်။ ထိုသူက လော့ချင်ရှန်းနဲ့ မကြာမကြာ စာကြည့်တိုက်သွားလေ့ရှိတယ်။

   ဖိန့်ရန်က MoBaဂိမ်းကိုတော့ ကျွမ်းကျွမ်းကျင်ကျင်ကစားနိုင်ပေမဲ့ ဒီလိုအပစ်အခတ်ဂိမ်းမျိုးကိုတော့ မကျွမ်းပေ။ အရင်တုန်းက လော့ချင်ရှန်းက သူ့နဲ့တူတူကစားလေ့ရှိတယ်။ သူ့ကိုကာကွယ်ပေးဖို့ရာ လူအနည်းငယ်နဲ့အတူ အန္တရာယ်များတဲ့ကွင်းပြင်ထဲ ခုန်ဆင်းသွားတယ်။

   ဂိမ်းအစမှာ အသင်းသား နံပါတ်(၃)က လေဆိပ်ဆီ ခုန်ချလိုက်တယ်။

   "လေဆိပ်ကို ခုန်တာ ဘယ်လိုလဲ? စိတ်လှုပ်ရှားတဲ့တိုက်ပွဲတွေကို ကြိုက်မှကြိုက်။" အဲ့ဒါ လော့ချင်ရှန်း ပြောနေတာဖြစ်တယ်။ အရမ်းနူးညံ့သိမ်မွေ့ပြီး နှာသံပါတယ်။ နည်းနည်းလည်း ရယ်စရာကောင်းတယ်။

    နောက်တစ်ယောက်က "အဆင်ပြေတယ်"

    ဖိန့်ရန် တိတ်ဆိတ်နေမိတယ်။ ဒီဂိမ်းမှာ အဖွဲ့ဝင်လေးယောက်ရှိတယ်။ သူ မသိတဲ့လူတစ်ယောက်ပါတယ်။ အဲ့ဒါ လော့ချင်ရှန်းရဲ့အခြားသူငယ်ချင်းဖြစ်လောက်တယ်။ သူလည်း ဖိန့်ရန်လိုပဲ ဂိမ်းထဲစဝင်တည်းက စကားမပြောပေ။

ငါ မင်းရဲ့ကောင်လေးကို အချိန်အကြာကြီး ကြိုက်လာတာ [ဘာသာပြန်]Where stories live. Discover now