Chp(18)

1K 187 8
                                    

[Unicode]

[ ကိုယ် ရှေ့ပိုင်းတွေမှာ နာမည်မှားရေးမိခဲ့တာတွေကို ပြန်ပြင်ချင်လို့ပါ။ ဖိန့်ရန်ကို 'ဖိန်ရန်' လို့ ပြင်ပြီး 'ယန်းကျွင်' ကို 'ယန်ကျွင်' လို့ ပြင်ရေးပါ့မယ်နော်။ အမှားများအတွက် အားလုံးကို တကယ် အားနာပြီး တောင်းပန်ပါတယ်🙇 ရှေ့ပိုင်းမှာလည်း အချိန်ရရင်ရသလို ပြန်ပြင်ပေးပါ့မယ်‌နော်]

လင်ရွှီးဟွမ့်က သူ့လက်တွေကို စားပွဲပေါ် တင်ထားပြီး ဒါကို ကြားတဲ့အခါ ရှေ့နား တိုးကပ်လာတယ် :: "မင်းခြေထောက် ဘာဖြစ်လို့လဲ?"

ဖိန်ရန် ခေါင်းခါပြလိုက်တယ် :: "ဘာမှမဖြစ်ပါဘူး။ ငါ အရင်တစ်ခေါက် အားကစားပွဲတော်တုန်းက ချော်လဲခဲ့လို့လေ။"

သူ့ခြေထောက်ပေါ်က ဒဏ်ရာက အနာကျက်လုနီးပါး ဖြစ်နေပေမဲ့လည်း ကူးစက်ရောဂါမှ ကာကွယ်နိုင်ဖို့ရာ ဖိန်ရန်က အခုရက်တွေမှာ ချောင်ချောင်ချိချိ cropped pant ကိုသာ ဝတ်ဆင်လေတယ်။

ယန်ကျွင်က ဖိန်ရန်ခြေထောက်ပေါ်က အနာဖေးများကို ငုံ့ကြည့်လိုက်တယ်။ စက္ကန့်အနည်းငယ်အကြာမှာတော့ ဖိန်ရန်က သူ့ဘောင်းဘီစကို သဘာဝမကျစွာ ပြန်ဆွဲချလိုက်တော့တယ်။

ယန်ကျွင် :: "အနာဖေးတက်‌နေပြီ။"

"ဟုတ်တယ်။" ဖိန်ရန် ပြန်ဖြေလိုက်တယ် :: "ဒီလိုဖြစ်နေပြီဆိုတော့ မကြာခင် သက်သာသွား‌လိမ့်မယ်။"

ယန်ကျွင် ဘာမှပြန်မဖြေပေမဲ့ သူ အကြည့်လွှဲလိုက်ပြီးတာတောင် ထိုအနာဖေးက သူ့မျက်စိရှေ့မှာ ထင်ထင်ရှားရှား ဖြစ်နေတုန်းပါပင်။

လင်ရွှီးဟွမ့်ကို လူမသိတသိ ဆယ်လီတစ်ယောက်လို့ သတ်မှတ်နိုင်တယ်။ သူ့မှာ အနုပညာရှင် အငယ်လေးတွေထက် Weibo fan များများ ပိုရှိတယ်။ သူ အပြင်ထွက်ရတဲ့အခါ mask တပ်၊ ဦးထုပ်‌ဆောင်းပြီး အပြည့်အစုံ ဝတ်ဆင်ရလေ့ရှိတယ်။ အပြင်မထွက်ခင် နည်းပြကတော့ သူသာ ယန်ကျွင်နဲ့အတူ ရှိနေရင် လက်ထောက်ဆိုး တစ်‌ယောက်နဲ့သာ ပိုတူတယ်ဆိုပြီး ပြောကာ နာကျင်စေမယ့် နည်းလမ်းဖြင့် သူ့ကို စိတ်သက်သာရာ ရစေလေတယ်။

ဒါပေမဲ့လည်း လုံခြုံရေးအတွက် နည်းပြက သူ့အတွက် အခန်းတစ်ခန်း မှာပေးလိုက်ပါသေးတယ်။ စားသောက်ဆိုင်အပြင်မှာ 'ဆေးလိပ်မသောက်ရ' ဆိုသော ဆိုင်းဘုတ် ရှိနေပေမဲ့လည်း သီးသန့်ခန်းထဲမှာတော့ ဘယ်သူကမှ ဂရုမစိုက်ကြပေ။ လင်ရွှီးဟွမ့်က စီးကရက်တစ်လိပ်ကို ထုတ်ကာ ဖိန်ရန်ဆီ ကမ်းပေးလိုက်တယ် :: "ပေါင်ပေ့ သောက်အုံးမလား?"

ငါ မင်းရဲ့ကောင်လေးကို အချိန်အကြာကြီး ကြိုက်လာတာ [ဘာသာပြန်]Where stories live. Discover now