Chp (9)

1.8K 380 18
                                    

[Unicode]

ဖိန့်ရန်က ဂိမ်းကစားဖက်ကို တစ်ခါမှ မငှားဖူးပေမဲ့ သူ့အခန်းဖော်ကတော့ ငှားဖူးတယ်။

သူ့အခန်းဖော် ငှားတာကကျ မိန်းက‌လေးကစားဖက်။ သူ(မ)က ခဏခဏ ‌'ကောကော' လို့ ခေါ်နေပြီး ဖိန့်ရန်က speakerကနေ လုံးဝကြည်လင်ပြတ်သားစွာ ကြားနေရတယ်။

ထိုမိန်းကလေးက supportနေရာကပဲ ဆော့ပုံရတယ်။ ဂိမ်းပွဲစဉ်တစ်ခုလုံးမှာ သူ(မ)က သူ့အခန်းဖော်နောက် လိုက်ကာ  'ကောကော ကယ်ပါအုံး' ၊ 'ကောကော မသေပါနဲ့' ၊ 'ကောကောက တအားတော်တာပဲ' ဆိုပြီး တောက်လျှောက် ပြောနေတာ။ ဂိမ်းလည်းပြီးရော  ဖိန့်ရန်ခေါင်းထဲမှာ 'ကောကော'ဆိုတဲ့ ထိုစကားလုံးနှစ်လုံးက တစ်ညလုံး နှိပ်စက်နေတော့တယ်။

သူ ထိုအဖြစ်အပျက်ကို ပြန်တွေး‌နေတုန်း ယန်းကျွင်က သူ့ဘေးက ပြတင်းပေါက်ပေါ် တက်လာပြီး သေနတ်တစ်လက်နဲ့ ဆေးသေတ္တာနှစ်ဘူးကို ချက်ချင်းဆိုသလို ပစ်ချပေးလာတယ်။

"ဒါတွေ ယူလိုက်"

"ဒါဆို မင်း ဘာတွေသွားသုံးမှာလဲ?" ဖိန့်ရန် မေးလိုက်တယ်။

"မင်းမှာရှိတာထဲက တစ်ခုကို ငါ့ကို ပေးလိုက်လေ"

အဲ့နောက် ယန်းကျွင်က ဖိန့်ရန် ဖြုတ်ပေးလိုက်တဲ့ Vector သေနတ်ကို ကောက်ယူကာ ပြတင်းပေါက်မှ ပြန်ခုန်ဆင်းသွားတော့တယ်။

ဖိန့်ရန်က ယန်းကျွင်နဲ့အတူ အစွန်အဖျားနေရာထဲမှာ ရှိနေတာ။ ယန်းကျွင်က သူ့ရဲ့ rankမြင့်တဲ့ မူရင်းအကောင့်နဲ့ ကစားနေတော့ သူတို့ရထားတဲ့ အသင်းသားတွေကလည်း အတော်လေး ကောင်းတယ်။ မကစားခင် စောင့်နေရတဲ့ အခန်းထဲမှာတောင် သူတို့တွေက ကွန်တွန်နာတွေပေါ် ခုန်ချပြီး တိုက်ပွဲကွင်းထဲ ဝင်မယ့်အကြောင်း ကျယ်ကျယ်လောင်လောင် ငြင်းခုံနေကြသေးတယ်။

ယန်းကျွင်ကတော့ မတုန်မလှုပ် ရပ်နေတယ်။ လေယာဉ်က မြေပုံအဆုံးနား ရောက်ခါနီးမှပဲ သူက အမှတ်မှတ်ပြီး ပြောလိုက်တယ် "ခုန်လိုက်တော့"

ဒါပေမဲ့ သူတို့မှာ မန်ဘာအပြည့် မရှိတော့ အသင်းသားတွေက ဆင်းသက်ပြီး မိနစ်အနည်းငယ်လောက်မှာ အသတ်ခံလိုက်ရတော့တယ်။ လူအများစုက ညဘက်ဆို စောစောရောက်မလာတတ်ကြတော့ ထိုလူနှစ်ယောက် သေတော့ channelထဲမှာ နေပြီး မထိတထိ ရှုံ့ချတဲ့ စကားတွေ စပြောတော့တယ်။

ငါ မင်းရဲ့ကောင်လေးကို အချိန်အကြာကြီး ကြိုက်လာတာ [ဘာသာပြန်]Where stories live. Discover now