Chp(3)

2.2K 473 32
                                    

[Unicode]

လော့ချင်ရှန်းက အပြင်ထွက်တဲ့အခါ ကွန်ပျူတာကို ပိတ်လေ့မရှိပေ။ ဖိန့်ရန် ထိုင်ခုံမှာ ထိုင်ပြီး တစ်ချက်ကြည့်လိုက်တော့ PUBG ဂိမ်းက screen မှာ ပေါ်နေခဲ့တယ်။

လော့ချင်ရှန်းမှာ ပစ္စည်းတွေကို လျှောက်ပစ်ထားတတ်တဲ့ အကျင့်ဆိုးရှိတယ်။ အထက်တန်းကျောင်းတုန်းက နှစ်ယောက်အိပ်အခန်းတုန်းကလည်း နှစ်‌ယောက်သား မီးမပိတ်ဘဲ အပြင်ထွက်ကြတာ ပုံမှန်ပဲ။ ဖိန့်ရန်တစ်ယောက် လော့ချင်ရှန်းရဲ့ ဂိမ်းကိုဖွင့်ကာ ကွန်ပျူတာကို ကူပိတ်ပေးလိုက်တယ်။

ဂိမ်းကို ဖွင့်ပြီးတဲ့အခါ လော့ချင်ရှန်းက တွဲဖက်ခန်းထဲမှာ တစ်ယောက်တည်း စောင့်ဆိုင်းနေတာ မဟုတ်တာကို မြင်လိုက်ရတယ်။

စူးနျန်က အမျိုးသမီးကာရိုက်တာဖြစ်ပြီး သူတို့နှစ်ယောက်လုံးက ဂိမ်းထဲက ထွက်ရှိထားတာ မကြာသေးတဲ့ လူပြက်ဝတ်စုံကို စုံတွဲဝတ်ဆင်ထားကြတယ်။

" မင်း ရေသောက်ချင်လား ? "

ဖိန့်ရန်က မောက်စ်ကို အလိုလို လွှတ်လိုက်မိပြီး စက္ကန့်ဝက်လောက် ကြောင်အနေပြီးမှ လှည့်ကြည့်လိုက်တယ်။

ယန်းကျွင်က သူ့နောက်မှာ ဖြစ်တယ် " မင်းနှုတ်ခမ်းတွေ အရမ်းခြောက်သွေ့နေတယ်။ "

ဖိန့်ရန်လည်း သူ့နှုတ်ခမ်းကို ကိုင်ကြည့်လိုက်တယ်။ သူ ကားပေါ်တက်တုန်းက ရေဝယ်ဖို့ ‌မေ့ခဲ့တာပဲ။ သူ နည်းနည်းတော့ ခြောက်သွေ့နေသလို ခံစားရတယ်။

‌သူ လော့ချင်ရှန်း ရေခွက်ကို လှမ်းကြည့်လိုက်တယ်။ သူနဲ့လော့ချင်ရှန်းက ရည်းစားဖြစ်တာ ကြာပြီဆိုပေမဲ့ တစ်ပါးသူတွေရဲ့ ရေခွက်နဲ့ ရေသောက်လေ့သောက်ထ မရှ်ိဘူး။ " မယူတော့..."

ယန်းကျွင် :: " ငါ့မှာ စက္ကူခွက်တော့ရှိတယ်။ တစ်ခါသုံးလေ။ "

မိနစ်ဝက်လောက် ကြာတော့ ဖိန့်ရန်က ‌စက္ကူခွက်ကို ကိုင်ထားရင်း ယန်းကျွင်ဘေးမှာ ထိုင်လိုက်တယ်။

" ဒီတ်ိုင်းထိုင်နေရတာ နည်းနည်းပျင်းလာလို့။ မင်း ဂိမ်းဆော့တာ ကြည့်လို့ရတယ်မလား? "

ငါ မင်းရဲ့ကောင်လေးကို အချိန်အကြာကြီး ကြိုက်လာတာ [ဘာသာပြန်]Where stories live. Discover now