Chp(21)

851 148 8
                                    

[Unicode]

မိုးကန့်လန့်ကာက တံတိုင်းမွှေးပန်းများကို နှစ်ဖက်နှစ်ချက်စီမှာ ပိတ်ကျဲစများဖြင့် ကာရံထားတယ်။ တက္ကသိုလ် ပရိဝုဏ်လမ်းပေါ်မှာတော့ လူအများကြီး ရှိမနေခဲ့ပေ။ ဖိန်ရန်တစ်ယောက် ကွန်ပျူတာကို သယ်ထားရင်း လမ်းပေါ်မှာ နှေးနှေး‌ကွေးကွေး လျှောက်နေကာ သူ့ညာဘက်လက်ကတော့ ခုနလေးတင် ရခဲ့တဲ့ ဆွဲသီးအသေးလေးကို ညင်ညင်သာသာ ဆုပ်ကိုင်ထားတယ်။

ဖုန်းက ခပ်မြန်မြန် မြည်လာခဲ့တယ်။

ယန်ကျွင် :: [ မြန်မြန်လျှောက် ]

ဖိန်ရန် လန့်ဖျပ်သွားရပြီး အလိုအလျောက် နောက်လှည့်ကြည့်မိလိုက်ပေမဲ့ ထီးဆောင်းထားပြီး ဘေးချင်းယှဉ်လျက် လမ်းလျှောက်နေကြတဲ့ စုံတွဲနှစ်တွဲကိုသာ မြင်လိုက်ရတယ်။

ဖိန်ရန် :: [မင်း အဲ့နားမှာပဲ ရှိနေသေးတာလား?]

ယန်ကျွင်က အသံမက်ဆေ့ ပြန်ပို့လာတော့ ဖိန်ရန်က သူ့နားနားကပ်ကာ နားထောင်လိုက်တယ် :: "မှန်းကြည့်တာ၊ ပုံမှန်ဆို မင်း လမ်းလျှောက်တာ တအားနှေးတယ်လေ။"

ဖိန်ရန်တစ်ယောက် နှုတ်ခမ်းတင်းတင်းစေ့ထားမိကာ ကွန်ပျူတာအိတ်ထဲ ဖုန်းကို တိတ်တဆိတ် ပြန်ထည့်လိုက်မိတယ်။

သူ့နှလုံးခုန်နှုန်းက အလွန်မြန်ဆန်နေပြီး ဒီလောက်အကြာကြီး လမ်းလျှောက်ပြီးတာတောင် အဆင်မပြေလာတဲ့အပြင် ဒီနှလုံးခုန်သံကို ထပ်ကြားနေရတာ ပိုပြီးတော့တောင် ထူးဆန်းလာတယ်။

ဖိန်ရန်က ယန်ကျွင်ဖွင့်ပြောတာကို လက်မခံခဲ့ပေ။ အရင်အတိုင်းပဲ၊ သူ 'တောင်းပန်ပါတယ်' လို့ ဦးစွာပြောဖို့ လုပ်လိုက်‌ပေမဲ့ သူ့ပါးစပ်ကို ဟလိုက်တဲ့အခါ သူ့အသံတွေ တုန်ယင်နေမှန်း သိလိုက်ရတယ်။

ယန်ကျွင်က သူ့အဖြေကို တည်တည်ငြိမ်ငြိမ် စောင့်ဆိုင်းနေပြီး ဒီလိုစိတ်ရှည်မှုမျိုးက ဖိန်ရန်ကို ပိုပြီးတော့တောင် စိတ်လှုပ်ရှားစေလာကာ "ငါ လောလောဆယ်တော့ ချစ်သူမထားချင်သေးဘူး"ဆိုတဲ့ စကားအား သူ နောက်ဆုံးတော့ ထုတ်ပြောနိုင်လိုက်တယ်။

ပြောထွက်လာတဲ့ စကားတစ်ခွန်းက ပြတ်တောင်းပြတ်တောင်းနိုင်ကာ အရမ်းကိုမှ ယုံကြည်ချက် ရှိမနေပါပေ။

Naabot mo na ang dulo ng mga na-publish na parte.

⏰ Huling update: Feb 28 ⏰

Idagdag ang kuwentong ito sa iyong Library para ma-notify tungkol sa mga bagong parte!

ငါ မင်းရဲ့ကောင်လေးကို အချိန်အကြာကြီး ကြိုက်လာတာ [ဘာသာပြန်]Tahanan ng mga kuwento. Tumuklas ngayon