Chp(20)

626 134 8
                                    

[Unicode]

ဖိန်ရန်က ကြောင်အသွားကာ အဲ့ကိစ္စကို မေ့သွားကြောင်း သူ သတိရလိုက်တယ်။

လင်ရွှီးဟွမ့်က ဒီကိစ္စကို ကြိုးစားပမ်းစား တွေးနေပြီးနောက် အသက်ပြင်းပြင်း ရှုလာကာ သူ့မျက်နှာထားကလည်း ရင်ထဲ ထိသွားဟန်ဖြင့် "ဒါ၊ ဒါ ငါ လူငယ်လေ့ကျင့်ရေး ပြီးပြီးချင်း အစားထိုးအနေနဲ့ ကစား‌နေတုန်းကထင်တယ်...ရန်ပေါင်ပေ့၊ မင်း အကြာကြီး ဖုံးထားခဲ့တာပဲ။"

ဖိန်ရန် :: "မဟုတ်..."

သူ ပြောလို့မပြီးသေးခင် သူ့ပခုံးတစ်ဖက်က ခပ်ဖွဖွ ပွတ်တိုက်ခံလိုက်ရလေတယ်။

ယန်ကျွင်က လင်ရွှီးဟွမ့်နား လျှောက်သွားပြီး ဖုန်းကို ဆွဲယူကာ :: "သူများဖုန်းကို လျှောက်မမွှေနဲ့။"

လင်ရွှီးဟွမ့်ခမျာ မတရားခံလိုက်ရသလို ခံစားရကာ :: "ငါ မရည်ရွယ်ပါဘူးနော်။ သူ ငါ့အတွက် ဘယ်နှစ်ပုံ ရိုက်ပေးထားလဲမှမသိတာ။ ဒီတိုင်း ဆွဲကြည့်ရင်း မတော်တဆ တွေ့သွားတာကို။"

ယန်ကျွင်က သူ့ကို လျစ်လျူရှုထားကာ ဖိန်ရန်ဆီ ဖုန်းကမ်းပေးလိုက်တယ်။

ဖိန်ရန်က လက်လှမ်းကာ ယူလိုက်ပေမဲ့ တစ်ဖက်လူရဲ့ လက်က နည်းနည်းသန်မာလွန်းနေတော့ သူ ပြန်မယူလိုက်နိုင်။

ယန်ကျွင်က မျက်လွှာချရင်း ဖုန်းကို နှစ်ကြိမ်လောက် ကြည့်ပြီးမှ လက်လွှတ်ပေးလာခဲ့တယ်။

ဖိန်ရန်က သူ့ဖန်အကြီးစားဆိုတာ သိသွားတဲ့ လင်ရွှီးဟွမ့်တစ်ယောက် မနေနိုင်တော့ဘဲ ခါးမတ်မတ် ပြင်ထိုင်ကာ လက်မြှောက်ရင်း ဆံပင်ကို သပ်လိုက်တယ် :: "အချစ်လေး၊ ငါ့ကောနဲ့ မကစားနဲ့တော့။ ငါ့ဆီပဲ တန်းလာခဲ့လိုက်။ ငါ မင်းကို အလကား ခေါ်ကစားပေးမယ်။ ပြီးတော့ ငါ live stream တိုင်း မင်းကို ခေါ်သွားပေးမယ်လေ။"

ဖိန်ရန် ဘယ်လိုရှင်းပြရမလဲ တွေးနေမိတယ်။ သူ့ရဲ့ အွန်လိုင်းကနေ စီးပွားရေးအရ ပုံလက်ခံတာက လျှို့ဝှက်ချက်ဖြစ်တယ်။ သူ အဲ့အကြောင်းကို ဘယ်သူ့မှ မပြောပြဖူးပေ။ Weibo ဆိုတာ သူ့အတွက်တော့ 2D သာသာပင်။

"ကောင်းပြီ။" နည်းပြက ရုတ်တရက် ပြောလာခဲ့တယ် :: "လေ့ကျင့်ရေးဂိမ်း အရင်သွားကစားကြစို့။ ဟိုဘက်အခန်းတွေ ဖွင့်ပြီးသွားပြီ။ မြန်မြန်လုပ်ကြ။ ငါတို့ ဒီနေ့ ထုံးစံအတိုင်း ကစားကြမယ်။ အခြားအသင်းတစ်ချို့နဲ့ ချိန်းထားပြီးပြီ။"

ငါ မင်းရဲ့ကောင်လေးကို အချိန်အကြာကြီး ကြိုက်လာတာ [ဘာသာပြန်]Wo Geschichten leben. Entdecke jetzt