Chp (8)

1.9K 416 16
                                    

[Unicode]

သူတို့နှစ်ယောက် ပြတ်စဲသွားတဲ့အကြောင်း ဘေးလူတွေသိဖို့ အချိန်နည်းနည်းတော့ ယူလိုက်ရတယ်။

ဖိန့်ရန်က ဒီလိုလိုက်ပြောနေမယ့်လူမျိုး မဟုတ်ဘူး။ သူက သူ့ခံစားချက်တွေကို တစ်ပါးသူတွေကို လိုက်ရင်ဖွင့်ရတာမျိုးကို မနှစ်သက်ပါဘူး။ လော့ချင်ရှန်းတောင်မှ ချွင်းချက်မရှိပါဘူး။ သူ့ခံယူချက်ကတော့ ဒါက သူတို့နှစ်ယောက်ဆက်ဆံရေးကြားက ပြဿနာတစ်ခုပဲ၊ ဘေးလူတွေ ဝင်ရှင်းပေးနိုင်မယ့် အရာမဟုတ်ဘူး။

ဒီနေ့တော့ ဖိန့်ရန်တစ်ယောက် ကန်တင်းလမ်းမှာ လင်းခန်းနဲ့ ဆုံတယ်။

"ဟိုတစ်လောတုန်းက ငါတို့ရဲ့ စုဝေးပွဲမှာ လော့ချင်ရှန်း မင်းကို ခေါ်မလာတော့တည်းက တစ်ခုခုမှားနေမှန်း ငါတို့ ရိပ်မိလိုက်တယ်" လင်းခန်းက ဆက်ပြောတယ် :: "မနေ့ညက တစ်ယောက်က ထပြီး ဒီကိစ္စကို ဟာသလုပ်ပြောတော့ လော့ချင်ရှန်းက ချက်ချင်းထသောင်းကျန်းတာပဲ။ ငါတို့သာ သူတို့နှစ်ယောက်ကို ဝိုင်းမထိန်းထားရင် သူတို့တွေ သေချာပေါက် ရန်ဖြစ်တော့မှာ"

ဖိန့်ရန်လည်း ဘယ်လိုမျက်နှာအမူအရာမျိူး ထားရမလည်း မသိတော့ဘူး၊ သူ တောင့်တင်းစွာ ပြန်ဖြေလိုက်တယ် :: "ဪ...."

လင်းခန်းက သူ့ကို စပ်စုချင်တဲ့အကြည့်နဲ့ စိုက်ကြည့်လာပြီး "ပြောကာမှ မင်းတို့က ဘာကိစ္စလမ်းခွဲကြတာတုန်း?"

ဖိန့်ရန်က သူ ကြိုပြင်ဆင်ထားတဲ့ အကြောင်းပြချက်ကို ထုတ်ပြောလိုက်တယ် :: "ငါတို့က မလိုက်ဖက်တော့လို့"

"သုံးနှစ်လုံး တူတူရှိခဲ့ပြီးမှ မင်းက အခု မလိုက်ဖက်တော့ဘူးလို့ ပြောနေတာလား?" လင်းခန်းက ရယ်တယ် :: "အေးပါကွာ။ မင်း မပြောချင်လည်း ငါ ထပ်မမေးတော့ပါဘူး။ ဒါနဲ့ ဒီညနေ မင်း အိမ်ကို ဘယ်လိုပြန်မှာလဲ? မင်း ငါနဲ့တူတူ ဘတ်စ်ကားစီးပြန်မလား?"

သူတို့တွေ မနက်ဖြန်ကစပြီး ၇ရက်ပိတ်တယ်လေ။ ဖိန့်ရန်နဲ့ လင်းခန်းအိမ်က နီးတော့ သူတို့တွေ ဘတ်စ်ကားစီးပြီး တစ်မှတ်တိုင်တည်း တူတူဆင်းလို့ရတယ်။

"အိမ်က တစ်ယောက်ယောက် လာကြိုမှာ" ဖိန့်ရန် မေးလိုက်တယ် :: "မင်း ငါ့ကားနဲ့ပဲ တူတူလိုက်ခဲ့မလား?"

ငါ မင်းရဲ့ကောင်လေးကို အချိန်အကြာကြီး ကြိုက်လာတာ [ဘာသာပြန်]Where stories live. Discover now