Chp (6)

2.3K 473 56
                                    

[Unicode]

လော့ချင်ရှန်း နိုးလာတဲ့အခါ မိုးစင်စင်လင်းနေလေပြီ။

သူ အတော်ကြာတဲ့ထိ မျက်လုံးကို မှေးကျဉ်းထားပြီးနောက် အိပ်ရာကနေ ထထိုင်ဖို့ ကြိုးစားလိုက်တယ်။ သူ့ခေါင်းတစ်ခုလုံး သစ်သားတုတ်တစ်ချောင်းနဲ့ ခပ်ပြင်းပြင်း ရိုက်ခံထားရသလို သေလောက်အောင် ကိုက်ခဲနေတာကြောင့် သူ အံကြိတ်ထားရင်း နာကျင်မှုကို သည်းခံလိုက်တယ်။

လော့ချင်ရှန်းက ပတ်ပတ်လည်ကို လိုက်ကြည့်လိုက်တဲ့အခါ သူ ဟိုတယ်ခန်းတစ်ခုမှာ လဲနေမှန်း သိလိုက်ရ‌တယ်။ သူက အပေါ်ပိုင်းဗလာနဲ့ အောက်ပိုင်းမှာလည်း အတွင်းခံတစ်ထည်တည်း ဝတ်ဆင်ထားတယ်။ သူ အမူးလွန်ခြင်းရဲ့ စေးကပ်ကပ်ဖြစ်မှုကို မခံစားရပေ။ တစ်ယောက်ယောက် သူ့ကို ကူညီသန့်ရှင်းပေးထားတာပဲ ဖြစ်ရမယ်။

ရေချိုးခန်းထဲမှာ ရေကျသံသဲ့သဲ့ ကြားနေရပြီး လော့ချင်ရှန်းက ခက်ခက်ခဲခဲ သည်းခံရင်း "ဘေဘီ မင်း ဘာလုပ်နေတာလဲ? ကိုယ့်ခေါင်းတစ်ခုလုံး ကိုက်ခဲနေပြီ....ငလူး ‌အဲ့ဒီသောက်ကျိုးနည်းကာရာအိုကေဆိုင်က ဝိုင်အတုတွေ ရောင်းတာပဲဖြစ်ရမယ်!"

လော့ချင်ရှန်းက ဆံပင်ကို ဆွဲဆုပ်လိုက်ပြီး စောင်ထဲမှ ထွက်ဖို့အလုပ် ရေချိုးခန်းထဲမှ ထွက်လာသော ခြေလှမ်းသံကို ကြားလိုက်ရတယ်။

"ကော မင်း နိုးလာပြီလား? မသက်မသာဖြစ်နေတာမျိုး ရှိလား? ရေတစ်ခွက်လောက် ခပ်ပေးရမလားဟင်?"

လော့ချင်ရှန်းက ရပ်တန့်သွားပြီး ခေါင်းလှည့်ကာ ဇဝေဇဝါ မေးမြန်းလိုက်တယ် :: "ဘာလို့ မင်းဖြစ်နေရတာလဲ?"

စူးနျန်က လောလောလတ်လတ် ဆေးကြောထားတဲ့ ရေခွက်တစ်ခွက်ကို လက်ထဲမှာ ကိုင်ထားတယ် :: "ငါ မဟုတ်လို့ ဘယ်သူဖြစ်ရမှာလဲ?"

"ငါ့ရတနာလေး...ဖိန့်ရန် ဘယ်မှာလဲ?"

"သူက မနေ့ညတည်းက ပြန်သွားပြီလေ" စူးနျန်က ပြုံးပြလိုက်ပြီး "ငါ မင်းကို ရေတစ်ခွက်အရင်ခပ်ပေးမယ်။ မြန်မြန်ထ နေ့လည်မှာ အတန်းရှိသေးတယ်လေ။"

လော့ချင်ရှန်းက ဒူးထောင်ထိုင်ကာ သူ့နဖူးနဲ့ ဒူးခေါင်းကို အတော်ကြာ ဖိကပ်ထားပြီးမှ မနေ့ညက အဖြစ်အပျက်တွေကို တဖြည်းဖြည်း ပြန်အမှတ်ရလာတော့တယ်။

ငါ မင်းရဲ့ကောင်လေးကို အချိန်အကြာကြီး ကြိုက်လာတာ [ဘာသာပြန်]Nơi câu chuyện tồn tại. Hãy khám phá bây giờ