Chp(2)

2.6K 506 21
                                    

[Unicode]

" ယန်းကျွင် , မင်း သွေးတစ်ဝက် ဘယ်လိုကုန်သွားတာတုန်း? " လော့ချင်ရှန်းက ဘယ်ဖက် အောက်နားကို ကြည့်ပြီး မေးလိုက်တယ်။

ယန်းကျွင် :: " သစ်ပင်ကို ဝင်တိုက်မိလို့ "

လော့ချင်ရှန်းက ပြုံးရင်း ပြောလိုက်တယ်။ " မင်းလို ဆရာကြီး‌တောင် သစ်ပင် ဝင်တိုက်မိတယ်, ဒါနဲ့ ဘေဘီ ယန်းကျွင်နာမည်ကို ဘယ်လိုသိတာလဲ? "

ဖိန့်ရန်က သူ့ရဲ့ M416ကို ကျည်ဖြည့်ရင်း ပြန်ဖြေလိုက်တယ် " ငါ မင်းအော်နေတာ ကြားလိုက်လို့ "

လော့ချင်ရှန်းက သူ့အိတ်ကို ဖွင့်လိုက်ပြီး " ဟုတ်သား။ ဘေဘီရဲ့ သေနတ်က သုံးလေ့သုံးထ မရှိတော့ ကျည်ရှ်ိမှာ မဟုတ်ဘူး။ ဘေဘီ ဒီရိုင်ဖယ်တွေထဲက တစ်ခုကို ယူလိုက်ပါ။ "

" မလိုတော့ဘူး။ " ဖိန့်ရန်က ယန်းကျွင် တည်နေရာကို ကြည့်ပြီး အိမ်ပြတင်းပေါက်‌ကနေ ခုန်ထွက်ကာ " ယန်းကျွင် ငါ့ကို ပေးထားတဲ့ သေနတ်မှာ အပြည့်ပါတယ်။ "

ယန်းကျွင်က သစ်ပင်အောက်မှာ ဆိုင်ကယ်ရပ်ရင်း ဘေးက ရေဘူးကို ယူပြီး အဖုံးဖွင့်ကာ တစ်ငုံသောက်လိုက်တယ်။

အန္တရာယ်ရှိ ဧရိယာက ပိုနီးကပ်လာပြီ။ လော့ချင်ရှန်း မြေပုံဖွင့်ပြီး တစ်ချက်ကြည့်လိုက်တယ်။ သူတို့တွေ safe zone ထဲ ရောက်ဖို့ မြေပုံရဲ့ နေရာတော်တော်များများကို ဖြတ်ကျော်ရမယ်။

စိတ်ပျက်စရာ အကောင်းဆုံး ကိစ္စက သူ စီးနေတဲ့ ကားတင်မကဘူး, လမ်းမပေါ်က အခြားကားတွေမှာပါ ဘီးဖောကိခံလိုက်ရတာပဲ။

" စူးနျန်, ဘယ်သူကများ တာယာတွေ ဖောက်ပစ်ရတဲ့ထိ ယုတ်မာတာလဲကွာ?! " လော့ချင်ရှန်း အန္တရာယ်ရှ်ိ ဧရိယာမှ ပြေးလွှားရင်း ကျိန်ဆဲလိုက်တယ်။ " ငါတို့ လေဆိပ်အသင်းထဲက လူအားလုံးကို မသတ်မိလိုက်တာများလား? ဝံပုလွေတစ်ကောင် ကျန်သွားတာလား? "

"မင်းလည်း ဒီဧရိယာက စပြေးရင် လမ်းမဘေးက ကားတာယာတွေကို ဘီးဖောက်ဖို့ အမြဲတမ်း မေ့မနေဘူးလေ။" စူးနျန် ပြောလိုက်တယ်။

လော့ချင်ရှန်းက ပြုံးပြီး ထိပ်ဖက်ကို တစ်ချက် ကြည့်လိုက်တော့ No. 2 ကစားသမားရဲ့ အမှတ်အသားက လေဆိပ်မှာပဲ ရှိနေသေးတာကို မြင်လိုက်ရတယ်။ " ဘေဘီ မင်း ဘာလုပ်နေတာလဲ? မင်း ဒီဧရိယာကနေ မပြေးတော့ဘူးလား? "

ငါ မင်းရဲ့ကောင်လေးကို အချိန်အကြာကြီး ကြိုက်လာတာ [ဘာသာပြန်]Where stories live. Discover now