Chp(17)

1.1K 194 13
                                    

[Unicode]

ကျောင်းအားကစားပွဲနေ့ နှစ်ရက်တာအတွင်း အတန်းတွေ မရှိဘူး။ ညအချိန် အဆာပြေ ဈေးဆိုင်တန်းတွေမှာ ကျောင်းသားတွေနဲ့ပဲ ပြည့်နေလေရဲ့။

လော့ချင်ရှန်းက ခုံတန်းပေါ်မှာ ခြေချိတ်ထိုင်နေရင်း ညစာစားဝိုင်းထဲက ဆွေးနွေးခန်းထဲ ဝင်မပါဖြစ်ပေ။

သူ့ဘေးနားက လူက သူ့ခွက်ကို လာထိတယ် :: "မင်း ဘာကိစ္စ ငေးငိုင်နေရတာလဲ?"

လော့ချင်ရှန်း မေးမော့လာပြီး ခွက်ကို ကောက်ကိုင်ကာ တစ်ငုံသောက်ရင်း "ဘာမှမဖြစ်ဘူး။ မင်းတို့ ပြောနေတာ ဘယ်ရောက်ပြီလဲ?"

"သူ အခုတစ်လော အဲ့လိုပဲ ဖြစ်နေတာမလား? အသည်းကွဲနေတာလေ။" သူ့သူငယ်ချင်းက သူ့အတွက် တစ်ခွက်ထည့်ပေးလာပြီး "လာ၊ သောက်လိုက်။ နည်းနည်းလောက် မူးပစ်လိုက်ကွာ။"

"သူ့အတွက် မထည့်ပေးနဲ့။ သူ မူးသွားရင် သူ့ ဘယ်သူကူပေးမှာလဲ?"

"စူးနျန်ပေါ့။"

စူးနျန်က လော့ချင်ရှန်း မျက်နှာချင်းဆိုင်မှာ ထိုင်နေတာ။ ဒီစကား ကြားတော့ သူ မနေနိုင်ဘဲ လော့ချင်ရှန်းကို လှမ်းကြည့်လိုက်မိတယ်။

လော့ချင်ရှန်းက သူ့ကိုတောင် မကြည့်ဘဲ ခေါင်းသာခါပြလိုက်တယ် :: "ကူစရာ မလိုဘူး။ ဘီယာပဲကို၊ ငါ မူးမှာမဟုတ်ဘူး။"

တစ်ခဏကြာတော့ လော့ချင်ရှန်း ရုတ်တရက်ကြီး ထမေးလာတယ် :: "ယန်းကျွင် ဒီမှာ မရှိဘူးလား?"

စားပွဲဝိုင်းက လူတွေက ဌာနတစ်ခုတည်းက အတန်းဖော်တွေချည်းပဲ။ သူတို့ ဒါကို ကြားတဲ့အခါ ကြောင်အကုန်ကြတယ်။

"မင်း မူးနေတာလား?" သူ့သူငယ်ချင်းက သူ့ကို အံ့ဩတကြီး စိုက်ကြည့်လာကာ "ယန်းကျွင် ဒီကို ဘယ်တုန်းက လာဖူးလို့လဲ? မင်းမွေးနေ့တုန်းကပဲလေ။"

"ငါ သူ့ကို ခေါ်လိုက်တယ်။" လင်းခန်းက သူ့အတွက်သူ တစ်ခွက်ထည့်နေရင်း "သူ ပြောတာ ကိစ္စရှိလို့ မလာနိုင်ဘူးတဲ့။"

"ငါ-ိုး" သူငယ်ချင်းတစ်ယောက်က သူ့ဖုန်းကို ခပ်ပေါ့ပေါ့ ပွတ်ဆွဲနေရင်း Weibo ပေါ်က တစ်ခုသောပို့စ်ကို မြင်တဲ့အချိန် ထအော်တော့တယ်။ သူ ဖုန်းကို လူတိုင်း မြင်ရအောင် လှည့်ပေးလိုက်တယ် :: "ဒါ ယန်းကျွင်ဟုတ်?"

ငါ မင်းရဲ့ကောင်လေးကို အချိန်အကြာကြီး ကြိုက်လာတာ [ဘာသာပြန်]Where stories live. Discover now