Chp (5)

2.3K 514 30
                                    

[Unicode]

ဖိန့်ရန် နှလုံးသားက အလွန်လျင်မြန်စွာ ခုန်ပေါက်နေလေရဲ့ , ဒါပေမဲ့ လော့ချင်ရှန်းက တစ်ယောက်ယောက်ကို နမ်းနေလို့လား ဒါမှမဟုတ် သူ့မျက်ခွံပေါ်မှာ ကျန်ရစ်ခဲ့တဲ့ ခပ်နွေးနွေး အပူချိန်ကြောင့်လားဆိုတာ သူ မပြောတတ်တော့ပါချေ။

" မင်း ဘယ်လိုလုပ်ချင်လဲ?" ယန်းကျွင်က ဖိန့်ရန်ကို လော့ချင်ရှန်းတို့ကို မမြင်ရတော့မယ့် နံရံတစ်ခုနား ခေါ်သွားတယ်။

မှိန်ဖျော့ဖျော့ မီးအလင်းရောင်အောက်မှာ ဖိန့်ရန်မျက်နှာက အလွန်နီရဲနေပြီး သူ့အသားအရေက ဖျော့တော့တာကြောင့် သူ ပူအိုက်တာတို့ စိတ်လှုပ်ရှားတာတို့ဆို သိသိသာသာ ပြောင်းလဲသွားတတ်တယ်။

ဖိန့်ရန်က ကြောင်အသွားတယ် :: "ဘာကိုလဲ?"

" မင်း ဖောက်ပြန်တဲ့ကောင်ကို ဖမ်းမိထားတယ်လေ။" ယန်းကျွင်က မေးလိုက်တယ် "ဒီမှာ ဆက်နေချင်သေးလား?"

ဖိန့်ရန်တစ်ယောက် တစ်နေ့မှာ 'ဖောက်ပြန်သူကို လက်ပူးလက်ကြပ် ဖမ်းမိခြင်း' နဲ့ ပတ်သက်ပြီး တစ်ခုခု လုပ်ရလိမ့်မယ်လို့ လုံးဝ မတွေးထားခဲ့ဖူးပေ။

သူ နောက်ဆုံးတော့ သတိပြန်ဝင်လာပြီး သူ့ပါးစပ်ကို တောင့်တင်းစွာ ဟကာ ပြောလိုက်တယ် "ထားလိုက်တော့....သွားကြစို့လေ"

ဒီနေ့က လော့ချင်ရှန်းမွေးနေ့ ။ သူငယ်ချင်းတွေ အများကြီးရှေ့မှာ ဖိန့်ရန် ပြဿနာတွေကို အရမ်းအကျည်းတန်သွားအောင် မလုပ်ချင်ပေ။

ယန်းကျွင် :: "ကောင်းပြီလေ။"

အခန်းတံခါးနား ပြန်လာပြီး ဖိန့်ရန်က ခေါင်းငုံ့ပြီး အထဲဝင်မလို့လုပ်တော့ ယန်းကျွင်က ရုတ်တရက် လှည့်လာပြီး "ငါ့ကို ဒီမှာစောင့် , ငါ အထဲဝင်ပြီး လင်းခန်းကို သွားပြောလိုက်အုံးမယ်။"

ဖိန့်ရန်က သူ့ကို ကြောင်အစွာ လှမ်းကြည့်လိုက်တယ်။

ယန်းကျွင်က ပုံမှန်လိုပဲ မေးလိုက်တယ်:: "မင်း မပြန်ချင်ဘူးလား?"

ဒါကြောင့် ဖိန့်ရန်လည်း တံခါးအပြင်ဖက်မှာ ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့တယ်။ ပြီးတော့ သူ လော့ချင်ရှန်း နဲ့ စူးနျန်ကို မျက်နှာချင်းဆိုင် ဆုံလာခဲ့ရင် ဘာပြောရမလဲဆို‌တာတောင် တွေးနေပြီ။

ငါ မင်းရဲ့ကောင်လေးကို အချိန်အကြာကြီး ကြိုက်လာတာ [ဘာသာပြန်]Where stories live. Discover now