Chp(16)

1K 177 15
                                    

[Unicode]

လော့ချင်ရှန်းတစ်ယောက် ပြေးလို့ပြီးမှပဲ ဖိန့်ရန် လဲကျသွားမှန်း သိလိုက်ရတယ်။

လော့ချင်ရှန်းက အားကစားသမားကောင်း တစ်ယောက် ဖြစ်တာကြောင့် ပြေးနေစဉ် ဖိန့်ရန်ကို အဝေးကြီးမှာ ချန်ထားခဲ့တယ်။ သူ ပန်းတိုင်ကို ဖြတ်ကျော်သွားပြီး နောက်ပြန်လှည့်ကြည့်လိုက်တဲ့အချိန် ဖိန့်ရန်က ထွက်သွားတာ ကြာလှပြီ။

ဘေးက ကြည့်ရှုသူတွေဆီက အခြေအနေကို မေးပြီးတဲ့နောက် သူ့ရလဒ်ကိုတောင် စာရင်း မသွင်းတော့ဘဲ ဒီကို အပြေးရောက်လာခဲ့တယ်။

မထင်မှတ်ထားစွာနဲ့ပဲ ဖိန့်ရန်က တစ်ခဏလောက်သာ တန့်သွားပြီးမှ သူ့ခြေချင်းဝတ်ဆီက ရုတ်တရက် အေးစက်မှုကြောင့် လက်တွေ့ဆီ ပြန်ရောက်လာခဲ့တယ်။

ယန်းကျွင်က လော့ချင်ရှန်းကို တစ်ချက်လှမ်းကြည့်ပြီး ခပ်ဖျော့ဖျော့ အသံပြုကာ ဖိန့်ရန်ရဲ့ အဆစ်လွဲနေတဲ့ ခြေချင်းဝတ်‌ပေါ် ရေခဲအိတ် ကပ်ပေးလိုက်တယ် :: "ဒီနေရာလား?"

ဖိန့်ရန်က အလိုအလျောက် ပြန်ဖြေလိုက်တယ် :: "ဟုတ်တယ်။"

လော့ချင်ရှန်း စိတ်ငြိမ်သွားပြီး နားနေခန်းထဲ ခပ်သွက်သွက် ဝင်လာလိုက်တယ် :: "ဖိန့်ရန် ဖိန့်ရန်၊ မင်း ဘယ်နား ဒဏ်ရာရသွားတာလဲ? မင်းအရိုးရော နာနေလား?"

ဖိန့်ရန်ခြေထောက်ပေါ်က ဒဏ်ရာကို မြင်တဲ့အခါ သူ အသက်ပြင်းပြင်းရှုပြီး သူ့ဖုန်းကို ကောက်ကိုင်လိုက်တယ် :: "ကိုယ် တက်စီခေါ်လိုက်မယ်။ ကိုယ် မင်းကို ဆေးရုံလိုက်ပို့မယ်။"

"မလိုဘူး။" ဖိန့်ရန် ပြောလိုက်တယ် :: "အဲ့လောက် ဒဏ်ရာကြီးတာမှ မဟုတ်တာ။ ပိုးသတ်ရုံပဲ။"

"မဖြစ်ဘူး။ ကိုယ်တို့တွေ X ray ရိုက်ကြည့်ရမယ်။ အရိုးတွေ ထိသွားရင် ဘယ်လိုလုပ်မလဲ?" လော့ချင်ရှန်းက မလျှော့တမ်း တိုက်တွန်းပြန်တယ်။

"မနာဘူး။ ခြေခေါက်သွားရုံတင်။" သူ တက်စီခေါ်တဲ့ app ထဲ တကယ်ကြီး ဝင်နေတာကို မြင်တဲ့အခါ ဖိန့်ရန် ထိုသို့ ပြောလိုက်ရတယ် :: "မင်း ခေါ်လိုက်လည်း ငါ ကားပေါ် မတက်ဘူး။"

ငါ မင်းရဲ့ကောင်လေးကို အချိန်အကြာကြီး ကြိုက်လာတာ [ဘာသာပြန်]حيث تعيش القصص. اكتشف الآن