Chp (10)

2K 418 33
                                    

[Unicode]

နောက်တစ်နေ့ ဖိန့်ရန်တစ်ယောက် သူ့မျက်ခွံပေါ် ကျလာတဲ့ နေရောင်ကြောင့် အိပ်ရာမှ နိုးလာခဲ့တယ်။

သူ ဒီလိုမျိုး ညဘက်နောက်ကျတဲ့ထိ မနေဖြစ်တာတောင် တော်တော်ကြာသွားပြီ။ မနေ့ည သူ ကွန်ပျူကို ပိတ်ပြီးနောက် အိပ်ချင်မူးတူးစိတ်က သူ့ကို ချက်ချင်း ကြီးစိုးသွားတာ၊ အိပ်ရာပေါ် ကုပ်တက်ပြီးတာနဲ့ ခဏလေးအတွင်း အိပ်မောကျသွားတော့တယ်။ သူ လိုက်ကာကိုတောင် ပိတ်မအိပ်လိုက်ရဘူး။

ဖိန့်ရန်က သူ့မျက်လုံးအစုံကို အလိုအလျောက် ကာထားလိုက်တယ်။ သူ အချိန်ကို ကြည့်ဖို့ ဖုန်းကို လှမ်းယူလိုက်ပေမဲ့ lockဖြည်ပြီးပြီးချင်း ‌သူ အေးခဲသွားတော့တယ်။

သူ့ဖုန်းscreenက မနေ့ညက သူ ဖွင့်ထားခဲ့တဲ့ pageအတိုင်း ရှိနေသေးတယ်။ ပြီးတော့ screenပေါ်မှာ ကြီးမားပြီး ခပ်ထင်းထင်း ဖြစ်နေတဲ့ စာတန်းတစ်ခု ရှိနေတယ် ---

[ ချစ်လှစွာသော pr123 ရေ ၊ သင် အောင်အောင်မြင်မြင် အော်ဒါတင်နိုင်လိုက်ပါပြီ ! အော်ဒါအသေးစိတ်ကို သိရှိချင်ပါက ဒီကို နှိပ်ပါ]

¶pr123 = pei ran (ဖိန့်ရန်)123¶

ဖိန့်ရန်မှာ ခေတ္တခဏ ကြောင်အသွားရတယ်။ သူ အော်ဒါထဲ ဝင်ကြည့်လိုက်တော့ သူ ဂိမ်းကစားဖော် 'ကျွင်လဲ့' ဆီသို့ နာရီငါးဆယ်စာ အော်ဒါတင်ထားတာကို မြင်လိုက်ရတယ်။

ဖိန့်ရန် :: "........"

တကယ်ကိုပဲ လူတွေက ညနက်တာနဲ့ ဝယ်ချင်တဲ့စိတ်ဆန္ဒကို ပိုအလိုလိုက်ကြသကိုး။

သူ wechatကို ဖွင့်ကြည့်တော့ သူနဲ့ယန်းကျွင် စကားပြောဆိုထားတဲ့ chat ဆီ တန်းရောက်နေတယ်။

ယန်းကျွင် :: [ကျေးဇူးတင်ပါတယ်ဗျ မစ္စတာဖိန့်]

ယန်းကျွင် :: [အိပ်ပျော်သွားပြီလားဗျ? ကောင်းသောညပါဗျာ]

ကြည့်ရတာ ဂိမ်းကစားဖော် ငှားရမ်းခြင်းလုပ်ငန်းက ကောင်းကောင်းလည်ပတ်နိုင်ပုံ မရဘူးပဲ။ ဖိန့်ရန် တွေးနေမိတယ်။ ထိုမှမဟုတ်ရင် ယန်းကျွင်လို ဂိမ်းချန်ပီယံက customerအသစ်တွေ မရှာနိုင်လို့ သူ့လိုကစားသမားအသစ်လေးအပေါ် မှီခိုနေရမှာ မဟုတ်လောက်ဘူး။

ငါ မင်းရဲ့ကောင်လေးကို အချိန်အကြာကြီး ကြိုက်လာတာ [ဘာသာပြန်]Where stories live. Discover now