Chp (7)

2.3K 440 29
                                    

[Unicode]

အတန်းချိန် ပြီးခါနီးလေးမှာ ဖိန့်ရန်က သူ့ရဲ့စာအုပ်ကို ပိတ်ကာ သူ့အိတ်ကပ်ထဲမှ face maskကို ထုတ်ပြီး ဝတ်ဆင်လိုက်တယ်။

"မင်း အစောကြီး ပြန်တော့မလို့လား?" အခန်းဖော်က သူ့ကို မေးတယ်။

ဖိန့်ရန် သူ့ကို ခေါင်းညိတ်ပြလိုက်တယ်။

အခန်းဖော် :: "မင်း စောစောပြန်နေတာ ရက်အနည်းငယ်ကြာပြီနော်။ မသိတဲ့သူတွေက  တစ်ယောက်ယောက် မင်း ကျောင်းပြန်တာကို ပိတ်တားနေတယ်လို့ ထင်နေကြအုံးမယ်။"

ဖိန့်ရန်က ပြုံးပြီး ဘာမှမပြောပေ။ ရှေ့က လောင်ရှီး ခေါင်းပြန်လှည့်သွားတဲ့အခါ ဖိန့်ရန်က စာအုပ်ကို ကောက်ကိုင်ကာ အနောက်တံခါးမှ ထွက်လာခဲ့လိုက်တယ်။

စာသင်ဆောင်နဲ့ နည်းနည်းလှမ်းသွားတော့မှပဲ ဖိန့်ရန်တစ်ယောက် စိတ်သက်သာရာ ရသွားတော့တယ်။

သူ ခပ်ဖွဖွ အသက်ရှုထုတ်ပြီး သူ့ဖုန်းကို ထုတ်ကာ တစ်ချက်ကြည့်လိုက်တော့ ထင်တဲ့အတိုင်းပါပဲ၊ လော့ချင်ရှန်းဆီမှ messageတော်တော်များများ ရောက်နေတော့တယ်။

ဖိန့်ရန်က လွန်ခဲ့သော ရက်အနည်းငယ်က သူတို့နှစ်ယောက်ရဲ့ chat recordကို ခပ်မြန်မြန် လှန်လှောကြည့်ပြီးနောက် အထက်တန်းကျောင်းကို ပြန်ရောက်သွားသလို ထင်ယောင်ထင်မှား ခံစားရတယ်။

လော့ချင်ရှန်း :: [ဖိန့်ရန် ကိုယ်တို့တွေ နေ့လည်စာ တူတူစားကြမလားဟင်?]

ဖိန့်ရန် :: [မစားဘူး။ ငါ takeawayမှာပြီးပြီ။]

လော့ချင်ရှန်း :: [ဟုတ်ပြီလေ၊ မင်း ဘယ်ကနေ မှာလိုက်တာလဲ? ကိုယ်လည်း မင်းနဲ့တူတူ လိုက်မှာချင်လို့]

လော့ချင်ရှန်းမှ Vd Call တောင်းဆိုနေပါတယ်။ [Not Connected]

လော့ချင်ရှန်း :: [ဘေဘီ ကိုယ် မင်းကို လွမ်းတယ်]

လော့ချင်ရှန်း :: [ကိုယ် တစ်နေ့လုံး စာလည်း ကောင်းကောင်းနားမထောင်နိုင်တော့ဘူးကွာ]

လော့ချင်ရှန်း :: [ကိုယ် စူးနျန်ကို blockလိုက်ပြီ၊ ဘေဘီ မင်း အချိန်မရွေး စစ်ဆေးကြည့်လို့ရတယ်]

ငါ မင်းရဲ့ကောင်လေးကို အချိန်အကြာကြီး ကြိုက်လာတာ [ဘာသာပြန်]Where stories live. Discover now