"ကျွန်တော့်ချစ်သူ ဆိုးလ်မြို့သား ရွှေယုန်လေး"

867 70 1
                                    

XingHo part only !

Beijing , China

ပြိုင်ပွဲရက်က တဖြည်းဖြည်းနီးကပ်လာတဲ့အခါ ပြင်းထန်တဲ့လေ့ကျင့်မှုအသီးသီးကြောင့် သူတို့တပ်ရင်းလေးဟာ ဟိုတစ်စု၊ သည်တစ်စုနဲ့ အသက်ဝင်လို့နေတယ်၊ တပ်သား​​တွေအပြင် စစ်​လေ့ကျင့်​ရေး​ခွေး အလှပြပွဲ​တွေ​ရော ပါတာ​ကြောင့် အားလုံးဆူညံပွက်​လောရိုက်​နေကြတယ်၊

ကွင်းပြင်မှာ ​အလှပြ​လေ့ကျင့်​နေတဲ့ကြားက​နေ စစ်လေ့ကျင့်ရေးခွေးတစ်ကောင်က ရုတ်တရက်ကြီး ​ဆေးခန်းထဲကို ​ပြေးဝင်သွားတယ်၊ ​နောက်က တပ်သား​လေးက ထပ်တူလိုက်​ပြေးရင်း ဖမ်း​ပေမဲ့ လျင်မြန်လွန်းတဲ့ အရှိန်ကို မမှီနိုင်..

" ရှန်း! ရှန်း! "

သွက်လက်ချက်ချာ​နေတဲ့ ရှန်းက ​ဆေးခန်းအတွင်းကို ​ကော့​တော့​ကော့​တော့နဲ့ အမြှီးရမ်းဝင်လာပြီး ​ဒေါက်တာ​ပေါက်စဂျုံဒေး စာကြည့်နေတဲ့ ခုံပေါ်ထိ ၀ုန်းခနဲ ခုန် တက်လာတယ်၊

" အိုမား! "

ရုတ်တရက်မို့ အသေးလေးက လန့်ပြီးထအော်တဲ့အခါ အားကိုးရတဲ့ သက်တော်စောင့်ကြီးမင်ဟိုက အနားကိုချက်ချင်းရောက်လာတယ်၊ ​ဆေးစာရင်း​တွေ ပြန်စစ်​နေတဲ့ Jackson ကတော့ ပြုံးရင်း လှမ်း​အော်တယ်..

" ဘာမှမဖြစ်ဘူး..၊ မကိုက်ဘူး..

ရဲဘော်.. နှုတ်ဆက်လိုက် "

Jackson စကားကို နားလည်ပုံရတဲ့ ရှန်းက သူ့လက်ကို မြှောက်လို့ စစ်သားအပြုအမူဟန်ပန်နဲ့ အလေးပြုနှုတ်ဆက်တယ်၊ အဲ့အချိန်မှ မင်ဟို့​နောက်​ကျောက​နေ ခေါင်းလေးပြူထွက်လာတဲ့ ဂျုံဒေးက ခက်ထန်တဲ့ အမူအယာဖြစ်နေတဲ့ ရှန်းကို အကဲခတ်တယ်၊ Jackson က လက်ထဲက ဖိုင်တွဲကို ဘေးချလိုက်ပြီး သူတို့ဆီ လျှောက်လာတယ်..၊

" ထိကြည့်မလား.. "

" အင်း "

Jackson စကား​ကြောင့် မျက်လုံး​လေးဝိုင်းပြီး က​လေးပီပီ စပ်စုချင်တဲ့ ဂျုံ​ဒေးက အ​ရှေ့ကို တိုးလာတယ်၊

"​ဟေး.. ငါတို့သူငယ်ချင်း လုပ်ကြမလား "

" ၀ုတ်! "

ဖြည်းဖြည်းချင်း ဆန့်ထုတ်​ပေးလာတဲ့ ဂျုံ​​ဒေးရဲ့လက်ကို လက်ဆွဲနှုတ်ဆက်တဲ့ဟန် ထိကိုင်လိုက်တဲ့ ရှန်းကြောင့် ​ဒေါက်တာ​ပေါက်စက ​ကြောက်စိတ်ကင်းစင်သွားဟန်နဲ့ သဘောတကျရယ်တယ်၊ မင်ဟိုကတော့ ဂျုံဒေးခေါင်းလေးကို ပွတ်ပေးရင်း အဖေကြီးတစ်ယောက်လို ပီတိဖြာပြီး ပြုံးတယ်၊

" ပန်း​လေးတစ်​ပွင့်​ ဖြစ်​ခဲ့သည်​ " [ Zaw × Uni ]Where stories live. Discover now