အပိုင်း ( ၂၇ )

6.2K 910 87
                                    

အလုံးစုံသော ကယ်ဆယ်မှုတွေက ပြီးဆုံးခဲ့ပြီ။

ဒဏ်ရာရသူက - ၈၇၆ ယောက်
သေဆုံးသူက - ၃၂၈ ယောက်

ပင်ပန်းနေတဲ့ စစ်သားတွေ၊ရဲသားတွေ၊ကယ်ဆယ်ရေးတပ်ဖွဲ့တွေအားလုံးက သေဆုံးသူတွေအတွက် နှလုံးအက်ကွဲခဲ့ကြတယ်၊ ဆရာဝန်တွေကလည်း သူတို့ အချိန်မှီမကယ်တင်နိုင်တဲ့လူတွေအတွက် ၀မ်းနည်းကြေကွဲလို့မဆုံး၊နစ်နာသူတွေရဲ့မိသားစုဝင်တွေကလည်း မျက်ရည်ဖြိုင်ဖြိုင်ကျလို့ တုန်လှုပ်ကြတယ်။ အဲ့ဒီ့နေ့မှာပဲ ကယ်ဆယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူ ဗိုလ်မှူးကြီးရိဖန်က ပြည်သူတွေကို အနူးအညွှတ်တောင်းပန်ခဲ့တယ်။

"လူကြီးမင်းတို့ သား၊သမီး၊မိဘတွေရဲ့အသက်ကို အပြည့်အဝမကယ်တင်နိုင်ခဲ့လို့ ကျွန်တော်တို့ကယ်ဆယ်ရေးတပ်ဖွဲ့ကလူတွေအားလုံးက ပြည်သူတွေနဲ့ ထပ်တူထပ်မျှ ၀မ်းနည်းရပါတယ်၊ "

အခက်အခဲတွေက အများကြီး၊
အားလုံးက သက်စွန့်စံဖျားကယ်တင်ပေးခဲ့ကြပေမဲ့ တစ်ချို့စာနယ်ဇင်းသမားတွေက ဝေဖန်လို့ကောင်းတုန်း၊ လက်ညိုးထိုးလို့ကောင်းကြတုန်း၊ တစ်ချို့ကလည်း အသက်ဘေးက လွတ်လာတဲ့ သား၊သမီးတွေ အတွက် ကျေးဇူးတင်ကြ၊ အားပေးလက်ခံကြပြန်တယ်။

လောကဟာ ဒီလိုပဲ..
အဖြူ အမည်း တွဲလျက်သား..။

ဘယ်သူတွေ ဘာတွေပဲပြောပြော၊ များပြားလှတဲ့ ဓာတ်ပုံတွေစီတန်းထားပြီး နှင်းဆီဖြူတွေပြည့်နေတဲ့ ဈာပနကြီးက ဖြစ်မြောက်ခဲ့တာပဲ၊ သမ္မတကြီးအပါအ၀င် ကယ်ဆယ်ရေးတပ်ဖွဲ့၊အမတ်မင်းတွေ ပြည်သူတွေအားလုံးက နစ်နာသေဆုံးသူတွေကို နောက်ဆုံးအကြိမ်အနေနဲ့ နှုတ်ဆက်လိုက်ရတယ်၊ ကမ္ဘာအရပ်ရပ်အ၀န်းဝန်းက စာနာစိတ်တွေဟာ လေထုမှတစ်ဆင့် ရစ်ခြုံသိုင်းဖက်လို့...။

လူဆိုတာ.. တစ်နေ့တော့လည်း...
ဒီလိုပဲ.. ဓာတ်ပုံဘောင်လေးတစ်ချပ်အဖြစ်နဲ့..
အရာအားလုံး အဆုံးသတ်သွားကြတာ..။

.....................................................................

"အခု ကျွန်တော် နတ်ပြည်ကိုရောက်သွားတာလားခင်ဗျာ"

အပျက်အစီးကြားကနေ ကယ်ယူလာပြီးတဲ့နောက်မှာ ခြေထောက်ဒဏ်ရာက သွေးထွက်လွန်နေခဲ့တာကြောင့် သတိလစ်မေ့မျောသွားတဲ့ ဘတ်ဟျွန်းက တစ်ရက်အကြာမှာ ပြန်နိုးလာခဲ့တယ်၊ မျက်လုံးတွေ ဖွင့်ဖွင့်ချင်း ချောမောခန့်ညားတဲ့ ဆရာဝန်လေးတစ်ယောက်ကို မြင်ရတာက တကယ့်ကို နိဗ္ဗာန်ပဲ..။

" ပန်း​လေးတစ်​ပွင့်​ ဖြစ်​ခဲ့သည်​ " [ Zaw × Uni ]Where stories live. Discover now