" ဆုံးရှုံးပြီးမှ သိခွင့်ရသော ထိုအရာများ..~"

1K 81 16
                                    

( Dika part only )

Seoul , South Korea

________________________________________

" ဒီက ဂင်မ်ဂျုံအင်.. နော်? "

" ဟုတ်ကဲ့ခင်ဗျ "

သူနာပြုလေးကမ်းပေးလာတဲ့ လူနာမှတ်တမ်းဖိုင်တွဲလေးကို လှည့်ယူရင်း ဆေးစစ်ချက်စာရွက်ကို ဂရုတစိုက်စစ်ဆေးတဲ့ ဒေါက်တာဂင်မင်ဆော့ရဲ့ အသံက ညင်သာပျော့ပျောင်းလို့နေတယ်၊

သူ့မျက်စိရှေ့မှာတော့ ဖြူစွတ်တဲ့ ရှပ်အင်္ကျီကို အနက်ရောင်စတိုင်ပင်နဲ့ တွဲဖက်ဝတ်ဆင်ထားတဲ့ အသားညိုညက်ညက် တည်ကြည်ခန့်ညားတဲ့ မျက်နှာပြင်နဲ့ ယောက်ျားသားတစ်ယောက်က ထိုင်လျက်သားရှိနေခဲ့တယ်၊ တစ်ချက်ကြည့်ရုံနဲ့တင် စိတ်ပင်ပန်းစရာရှိနေပုံရပေမဲ့လည်း သောကအပူတွေက ထိုလူ့ရဲ့ နဂိုချောမောမှုကို ဖုံးဖိနိုင်စွမ်းတွေမရှိရှာ..၊

ဂင်မင်ဆော့က သူ့လက်ထဲက ဘောပင်ကို တတောက်တောက်ခေါက်လို့ ထိုလူသားကို အကဲခတ်နေရင်းနဲ့မှ တစ်စုံတစ်ခုကို သဘောကျသွားသလို သိမ်မွေ့မွေ့ပြုံးတယ်..၊ အော်.. အဲ့ဒါကြောင့်ပဲ ခုနက ကောင်တာက သူနာပြုမလေးတွေ ဂယက်ရိုက်နေကြတာ..

" ဗှိုလ်မှူးဘတ်ဟျွန်း​ရှင်းပြလို့ တစ်ချို့အ​ခြေအ​နေ​တွေကို ကျွန်​တော် သိပြီးပါပြီ၊"

ဘောပင်ကို ချလိုက်ရင်း မင်ဆော့ဘက်က တက်တက်ကြွကြွ စကားစလိုက်တော့ မှိုင်းဝေတွေရီနေတဲ့မျက်လုံးတွေက သူ့ဆီ ဆတ်ခနဲ ပင့်ကြည့်လာတယ်၊ ပြီးတော့ နှုတ်ခမ်းကို ကွေးဟရုံလောက်သာ ဟက်ခနဲပြုံးရယ်ဟန်လုပ်ရင်း အသိအမှတ်ပြုတယ်၊ ထိုလူရဲ့အမူအယာက သန့်ပြန့်ညင်သာပေမဲ့လည်း အဲ့ဒီလူရွယ်က သူ့မှာရှိသင့်တဲ့ တက်ကြွပျော်ရွှင်မှုတွေအားလုံး လုံးဝဥဿုံ ကုန်ခမ်းနေဟန် ပေါ်လွင်လို့နေတယ်၊

အဲ့ဒီလိုပုံစံကြောင့် ခေါင်းတဆတ်ဆတ်ငြိမ့်တဲ့ မင်ဆော့က မျက်လုံးကို ဝေ့ရင်း တစ်ဖက်လူ သက်တောင့်သက်သာဖြစ်စေတဲ့ စကားလုံးမျိုး စဉ်းစားကြည့်မိတယ်၊

" ဂင်ဂျုံအင်က ဒီရက်ပိုင်း အိပ်မပျော်ဘူးလို့ ပြောတယ်နော်.. "

" ပန်း​လေးတစ်​ပွင့်​ ဖြစ်​ခဲ့သည်​ " [ Zaw × Uni ]Where stories live. Discover now