အပိုင်း ( ၃၆ )

5.9K 842 99
                                    

ကုန်တိုက်ပြိုကျမှုရဲ့ တာဝန်ခံအားလုံးကို အပြီးသတ်ဖမ်းဆီးရရှိတဲ့သတင်းဟာ ကိုရီးယားတစ်တိုင်းပြည်လုံးကို အသိပေးကြေညာခဲ့ပြီးပြီဖြစ်တယ်၊ ထို့အတူ စိတ်တ္တဇဝေဒနာရှင်ဖြစ်တဲ့ ယူအီချော့ကိုလည်း လူသတ်ရန်ကြံရွယ်မှု၊ ဒေါက်တာဂင်မင်ဆော့ကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ ရုံးတင်စစ်ဆေးနေကြပြီ၊ ရဲအရှာရှိတွေရဲ့ တာဝန်ကျေမှုကြောင့် လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့ ဆန္ဒပြသူတွေကလည်း ငြိမ်သွားကြတယ်၊ နိုငံတော်နဲ့ အစိုးရ၊ အရာအားလုံးဟာ အေးချမ်းစပြုနေခဲ့ပြီ။

ဒါပေမဲ့လည်း..
ပုဆိုးခြုံထဲက လက်သီးဆုတ်များနဲ့ လူမသိသူမသိ အတွင်းရေးပြဿနာတွေကတော့ ရှိမြဲ..၊

" ဗိုလ်ကြီးယူ တိုက်ပွဲကျသွားပါပြီ "

ရင်မောစရာသတင်းကြောင့် ဗိုလ်မှူးကြီးရိဖန်က စိတ်မကောင်းခြင်းတွေ ပြည့်နှက်စွာနဲ့ သက်ပြင်းတစ်ချက်ချလိုက်တယ်၊ Phoenix ဂိုဏ်းက ဒီတစ်ခေါက် အရမ်းလျင်လွန်းတယ်၊ တခဏအတွင်းမှာပဲ သူလျိုလွှတ်ထားတဲ့ တပ်သားတွေအားလုံးက တစ်ယောက်ပြီး တစ်ယောက်ကျဆုံးကုန်ကြပြီ၊ အဲ့ဒီ့အချင်းအရာက ဆိုးရွားတဲ့အဆုံးသတ်ကို ကြိုတင်နိမိတ်ပြပြီး စိန်ခေါ်နေသလိုပဲ၊

" Phoenix ဂိုဏ်းချုပ်အသစ်ကို စုံစမ်းလို့ရပြီလား "

" မရသေးပါဘူး "

ဘယ်နှကြိမ်မေးမေး သည်အဖြေပဲ ဖြစ်နေတာကြောင့် ရိဖန် စိတ်ရှုပ်လာရတာတော့ အမှန်ပဲ၊ ဒီတစ်ခေါက်ပြိုင်ဖက်က ထင်ထားတာထက်သန်မာလွန်းပြီး လျို့ဝှက်လွန်းတယ်၊ ဆယ်ဟွန်းအနားမှာ ရှိနေမှာသေချာပေမဲ့ အစရှာလို့မရအောင် ပုန်းအောင်းနေတာမို့ သူတို့ဘက်က ဗိုလ်ကြီးKAI တို့ တပ်ဖွဲ့ကို လုံခြုံရေးတိုးမြှင့်ပေးဖို့ သတိပေးရုံကလွဲရင် ဘာမှ လှုပ်ရှားလို့မရသေးဘူး၊

" ဗိုလ်ကြီးယူရဲ့ မိသားစုဝင်တွေကို ဆက်သွယ်သတင်းပို့လိုက်ပါ "

" ဟို.. ဒေါက်တာ ဂျွန်မြောင်း.. "

ကျဆုံးစစ်သားတွေရဲ့ အမည်နာမစာရင်းကို စစ်ဆေးကြည့်တဲ့ ရိဖန်က သတင်းပို့တပ်သားလေးရဲ့ တစ်ဝက်တစ်ပျက်စကားကြောင့် ခေါင်းကိုမော့ကြည့်တယ်၊ ပြီးကာမှ ဗိုလ်ကြီးယူက ဂျွန်မြောင်နဲ့ အင်မတန် ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်ဖြစ်ကြောင်း ပြန်သတိရသွားတယ်၊ မွန်းကြပ်မှုတွေနဲ့အတူ စာရင်းကိုပိတ်လိုက်ပြီး စားပွဲပေါ် သေသပ်စွာတင်လိုက်တယ်၊

" ပန်း​လေးတစ်​ပွင့်​ ဖြစ်​ခဲ့သည်​ " [ Zaw × Uni ]Where stories live. Discover now