" မ​မေ့ပစ်နိုင်​လောက်​အောင် ချစ်ခဲ့ကြတယ် "

1.2K 92 20
                                    

.

.

.

မေးခွန်း :

ချစ်မြတ်နိုးရတဲ့ တစ်စုံတစ်​ယောက်ကို ဆုံးရှုံးခဲ့ဖူးပါသလား..?

.

.

.

.

.

.

" ဗိုလ်ကြီးလုဟန် နဲ့ ဒုဗိုလ်ဝမ်ရိပေါ်ကို တပ်ရင်းမှူးက ခေါ်ခိုင်းလို့ပါ "

သတင်းပို့တပ်သား​လေးဆီက စကား​ကြောင့် အိမ်ပြန်ဖို့ ပြင်ဆင်​နေတဲ့ ဗိုလ်ကြီးလုဟန် နဲ့ ဒုဗိုလ်ဝမ်က သိမ်းလက်စအထုတ်အပိုး​တွေကို ရပ်လိုက်ပြီး တန်းလျား​ဆောင်ထဲက​နေ ထွက်လာတယ်၊ တဆက်တည်းမှာပဲ မျက်နှာချင်းဆိုင်ဆေးခန်းကနေ ထွက်လာတဲ့ ရှောင်းကျန့်ကိုလည်း မြင်လိုက်ရတာကြောင့် ဂျစ်ကားပေါ်မှာ နေရာယူနေတဲ့ လုဟန်က မျက်မှောင်ကြုံ့ရင်း လှမ်းမေးတယ်၊

" မင်းကိုရော.. ခေါ်ထားတာပဲလား "

" အေး၊ နိုင်ငံတော်လျို့ဝှက် အဖွဲ့အစည်းက ငါတို့ကို စကားပြောချင်နေတယ်တဲ့ "

" hmm... "

လျို့ဝှက်အဖွဲ့အစည်းဆိုရင်.. အီမင်ဟျောင်းနဲ့ ပတ်သတ်တဲ့ အဖွဲ့အစည်းပဲ ဖြစ်ရမယ်လို့ တွေးလိုက်တဲ့ လုဟန်က နားထင်ကို လက်နဲ့ကုတ်လို့ စိတ်ရှုပ်ထွေးတဲ့ အမူအယာမျိုးဖြစ်သွားတယ်၊

ပြီးခဲ့တဲ့ အီဟယ်ချန်းတို့ အမှုအခင်းဟာ သူတို့ကာကွယ်ရေးစစ်သားတွေကို မကြာခဏ ရစ်ပတ်လို့လာခဲ့တယ်၊ ဟွန်းငယ်ရဲ့ဘေးမှာ အချိန်အကြာကြီး စောင့်ရှောက်ပေးခဲ့ပြီး၊ တရားခံနဲ့ ရင်းနှီးခဲ့တဲ့ သူတို့ကို တရားရုံးက သက်သေအဖြစ် တင်သွင်းခဲ့တာကြောင့် စစ်ဆေးထွက်ဆိုမှုပေါင်းများစွာကို စိတ်ပျက်ဖို့ ကောင်းလောက်အောင် ကြုံရတာတော့ အမှန်ပါပဲ..၊

စစ်ဆေးမှုက ရှုပ်ထွေးခဲ့သည့်အပြင် ဟိုဟိုသည်သည်လွှဲချမှုများလည်း ရှိခဲ့ပြီး၊ နောက်ဆုံးmission မှာ Yellow kid ကို ကယ်တင်ပေးခဲ့တဲ့ ဗိုလ်ကြီးကျန်းရီရှင်းအထိ ဂယက်ရိုက်တာမျိုး ရှိခဲ့တာကြောင့်၊ ဗိုလ်ကြီးကျန်း တစ်ယောက် အစီရင်ခံစာတွေ မနည်းမနောရေးတင်လို့ တိုင်ပတ်ခဲ့ရသေးတယ်၊

" ပန်း​လေးတစ်​ပွင့်​ ဖြစ်​ခဲ့သည်​ " [ Zaw × Uni ]Where stories live. Discover now