အပိုင်း ( ၃၄ )

6K 866 67
                                    

" ကလေးတို့.. ဖြည်းဖြည်းချင်း သွားကြနော်၊
ပင်ပန်းရင် လမ်းမှာ နားလို့ရတယ် "

ဆရာမယူရဲ့ သတိပေးချက်ကို မျက်ခုံးလေးပင့်နားထောင်နေတဲ့ ဆယ်ဟွန်းက ယုံကြည်မှုအပြည့်နဲ့ ရင်ကော့ဖင်ကော့လို့နေတယ်၊ ဒီလောက်ပုတဲ့ တောင်ပဲကို.. ဟွန်း.. ဆရာမက အပိုတွေ သိပ်ပြောတာပဲ၊ သားသားက ဒီငပုတောင်ကို အခက်အခဲမရှိ ထိပ်ဆုံးထိ တရစပ်တက်ပစ်လိုက်မှာ..။

အဲ့ဒီ့လို လက်သီးလက်မောင်းတန်းပြီး လန်းဆန်းတက်ကြွနေတဲ့ ငှက်ဝါလေးကို လုဟန်က အပြောင်းအလဲမရှိတဲ့ မျက်နှာထားနဲ့ မသိမသာလှမ်းကြည့်တယ်၊ တခြားသောအတန်းဖော်တွေနဲ့အတူ အနှောင့်အယှက်မရှိ ခင်ခင်မင်မင်ပေါင်းရသင်းရအောင် ခြေနှစ်လှမ်းလောက်ဆုတ်ခွာမိတော့.. သူ့ရဲ့ရွေ့လျားမှုကို သိရှိသွားတဲ့ ဟွန်းငယ်က နှုတ်ခမ်းစူပြီး လှည့်ကြည့်တယ်၊

အားယား.. မကျေနပ်တဲ့ ဒီငှက်ကလေးက သူ့အစာကို အလုခံရတဲ့အတိုင်း ပိကျိပိကျိစကားများတော့မှာ၊

" သက်တော်စောင့်က ဒီက အကူအညီလိုတဲ့ဟွန်းငယ်ရဲ့ အနားကို မကပ်ပဲနဲ့ အဝေးကြီးသွားပြီး ဘယ်သူ့ကိုစောင့်ရှောက်ပေးမလို့လဲ၊ နေရာတကာလိုက်ပြောနေရတယ်၊ ကိုကြီးကို သင်ပြရတာ သား အရမ်း မောတာပဲ.. "

အင့်..

၂၆ နှစ်ရှိပြီဖြစ်တဲ့လူပျိုကြီးက သူ့အရှေ့ကနေ ခါးလေးထောက်ပြီး စကားတတ်တိုင်း ဂဂျီဂဂျောင်ကျနေတဲ့ ၁၆-၁၇ မကျတကျ ကောင်လေးကို တုံ့ပြန်မှုတစ်စုံတစ်ရာမလုပ်ပြနိုင်ပဲ အံ့အားသင့်လွန်းလို့ ငြိမ်သွားရတယ်၊ ကိုရီးယားက ပြန်လာပြီးကတည်းက ဒီကောင်လေးရဲ့ တိုက်ခိုက်ပုံ၊ဗျုဟာနည်းစနစ်တွေက ပြောင်းလဲသွားတာမို့ လူရိပ်လူကဲခတ်တတ်လွန်းတဲ့ လုဟန်တောင် ဒီစစ်မြေပြင်လေးရဲ့ ရာသီဥတုကို လိုက်မမှီနိုင်တော့ဘူး၊

သူ့ကိုဦးတည်ပြီး မကြာခဏပုတ်ခတ်နေတဲ့ အဓိပ္ပါယ်ပါပါစကားလေးတွေက လုဟန်ရဲ့ ခံနိုင်ရည်စွမ်းအားတွေကို ဖြည်းဖြည်းချင်းစီ နှဲ့ယူနေတယ်၊ ဘုရားကယ်ပါ! ဘယ်လိုမျိုးကောင်းကျိုးမပေးတဲ့ တစ်စုံတစ်ယောက်က ဒီကောင်လေးက သင်ပြပေးလိုက်တာပါလိမ့်?

" ပန်း​လေးတစ်​ပွင့်​ ဖြစ်​ခဲ့သည်​ " [ Zaw × Uni ]Where stories live. Discover now