" စာလာတယ်ဗျိုးးး "
ဆေးရုံရဲ့တောင်ဘက်အပေါက်ကနေ အပျော်တကောပြေးလာတဲ့ ဂျုံဒေးလေးက သူ့ရဲ့အော်သံစူးစူးအော်ရင်း လက်ထဲမှာတော့ ပန်းနုရောင်စာအိတ်ကလေးကို တဝှေ့ဝှေ့ရမ်းလို့နေတယ်၊ ကောင်တာမှာ လူနာမှတ်တမ်းကို သူနာပြုမလေးဆီက တောင်းယူကြည့်နေတဲ့ ဂျွန်မြောင်ကတော့ ဂျုံဒေးကို တစ်ချက်သာ လှည့်ကြည့်ပြီးတဲ့နောက် သူ့အလုပ်ကိုပဲ ပြန်လုပ်တယ်၊ ရေမွှေးစာအိတ်ကလေးကို စိတ်ဝင်စားနေတဲ့ သူနာပြုမလေးတွေကသာ တအုန်းအုန်းတကျွတ်ကျွတ်။
" ပြပါဦး ပြပါဦး "
" ဘယ်သူ့အတွက်တဲ့လဲ၊ "
" ရည်းစားစာများလား၊ ရိုဆန်လိုက်တာဟယ် "
တစာစာဝေနေတဲ့ မှတ်ချက်တွေအကြားမှာ စိတ်လေသလို ခေါင်းလေးတသဲ့သဲ့ရမ်းရင်း ဘောပင်လေးကို တဖျတ်ဖျတ်လှည့်တဲ့ ဂျွန်မြောင်က ဂျုံဒေးရဲ့ လက်ထဲက စာအိတ်ကို မျက်လုံးလေးနဲ့တောင် ဝေ့မကြည့်ပဲ ဝေဖန်တယ်၊
" တုံးအလိုက်တာ၊
ဒီခေတ်ကြီးထဲမှာ စာပို့တဲ့စနစ်ကို သုံးကြသေးတယ်လား "ဟစ်ခနဲ ဂျုံဒေးရဲ့ရယ်သံက တိုးရာကနေ ခပ်ကျယ်ကျယ်ဖြစ်လာပြီးတဲ့နောက် အကျင့်ပုတ်ဆရာဝန်ပေါက်စလေးက သူနာပြုမမတွေရဲ့ဘက်ကို စာအိတ်ရဲ့မျက်နှာစာမှာ ထိုးထားတဲ့ စာအိတ်ပိုင်ရှင်ရဲ့နာမည်ကို လှည့်ပြတယ်၊အဲ့ဒီ့အချိန်မှာ မျက်လုံးလေးတွေဝိုင်းသွားကြတဲ့ သူနာပြုတွေထဲက အငယ်ဆုံးသူနာပြုလေးက အသံကျယ်ကျယ် ထအော်တော့တာပဲ၊
" အယ်.. ဒေါက်တာဂင်မ်ဂျွန်မြောင်း တဲ့ ! "
တ၀ှစ်ဝှစ်လည်နေတဲ့ ဘောပင်လေးက ဆတ်ခနဲ တန့်သွားတယ်၊ ပြီးတော့ ဂျုံဒေးဆီက စာအိပ်ကို ဖြတ်ခနဲ မြန်မြန်ဆန်ဆန် လုယူပစ်လိုက်တဲ့ ဂျွန်မြောင့်ကြောင့် သူနာပြုမလေးတွေက တခိခိ ခိုးရယ်တယ်၊ ခုနပဲ စာပို့တဲ့စနစ်ကို သုံးတာ တုံးတယ်ဆို၊အဲ့လိုဆို ငါတို့ဒေါက်တာက လူတုံးကြီးနဲ့များ မေတ္တာမျှများနေသလား ?
"ဝါး.. စီနီယာနဲ့ ဘာလိုလိုညာလိုလိုကနေ အဆင့်တက်ပြီး ဘာဘာညာညာဖြစ်သွားတဲ့ စစ်သားဦးလေးကြီးက ပို့တာပဲ.. "
YOU ARE READING
" ပန်းလေးတစ်ပွင့် ဖြစ်ခဲ့သည် " [ Zaw × Uni ]
Fanfiction[Unicode]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်နာဆွတ်သည့် ပန်းလေးတစ်ပွင့်သာ..။ [Zawgyi]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်...