[ HunHan part only ]
" ဒီကအစားအစာတွေက ကောင်းသားပဲ "
တော့ပိုကီတစ်ခုကို တမြုံ့မြုံ့ဝါးနေရင်း Lu-Han မှတ်ချက်ပေးတော့ ဟင်းရည်သောက်နေတဲ့ Se-Hun က ခေါင်းတဆတ်ဆတ်ငြိမ့်ပြတယ်၊ သူ့ခမျာလည်း လူမှတ်မိမှာစိုးရှာ၍ ဦးထုတ်တွေရော၊ မေးစေ့အောက်ချထားတဲ့ Mask တွေရောက ရှုပ်လို့နေရရှာသည်၊ ဒါပေမဲ့ အဲ့ဒီလို ပုံစံကမှ ခိုးကြောင်ခိုးဝှက်ဖြစ်နေပြီး ပိုသိသာတာမဟုတ်ဘူးလား..
" ဟိုအစ်ကိုနှစ်ယောက် လမ်းပျောက်နေပြီထင်တယ် "
လည်ပင်းလေးပွတ်ပြီး လမ်းဘက်ကို လှည့်ကြည့်လှည့်ကြည့်လုပ်နေတဲ့ Se-Hun ကြောင့် တော့ပိုကီနောက်တစ်ခုကို ထိုးဝါးနေတဲ့ Lu-Han ကတော့ အေးအေးဆေးဆေး လက်ခါပြရင်း စိတ်မပူဖို့ ပြောလေတယ်၊
" အေးဆေးပေါ့၊ ကမ္ဘာကြီးက လုံးပါတယ်
အချိန်တန် အိမ်ပြန်ရောက်လိမ့်မယ် "အရွှန်းဖောက်ပြီး စနောက်လိုက်ပေမဲ့ အတူတူလည်ပတ်နေရင်းကနေ လူကွဲသွားတဲ့ Xiao Zhan နဲ့ Wang Yibo အပေါ် စိတ်မချဖြစ်နေဆဲ Se-Hun ကတော့ မျက်နှာလေးဖျော့လို့ ငြိမ်နေဆဲ၊ အားယား.. ဒီကောင်လေးက အရမ်းကို တွယ်တာတတ်တာပဲ။
" မင်းကလည်း အရမ်းလည်းမစိုးရိမ်ပါနဲ့..
သူတို့နှစ်ယောက်က ဒီမှာ ကျောင်းလာတတ်ဖူးတယ်၊
ဒီလမ်းတွေက သူတို့ ရင်းနှီးပြီးသားရယ်.. အဲ့တော့.. ဘာမှမသိတဲ့ မင်းရဲ့ အစ်ကိုလေးကိုပဲ ဂရုစိုက်လိုက်.. ဟုတ်ပြီလား"သူ့ရင်ဘတ်သူပုတ်ရင်း ပြောချင်ရာပြောနေတဲ့ Lu-Han ကို စောင်းငဲ့ကြည့်တဲ့ Se-Hun က တစ်ခုခုသိချင်သွားသလို အမူအယာလေးပြလာတယ်၊ ပြီးတော့ ထိုင်နေတဲ့ခုံလေးကို ဖင်ရွေ့ရွေ့နဲ့ လုပ်ပြီး သူ့ဘက်တိုးလာတယ်
" အစ်ကိုက ဘယ်လိုမျိုး ကိုရီးယားစကားပြောတတ်သွားတာလဲ "
အကြီးကျယ်ဆုံးကိစ္စတစ်ခုကို မပေါ်ချင်သလိုဟန်နဲ့ တိုးတိုးလေး လာမေးတဲ့ ကောင်လေးကြောင့် Lu-Han က ပြန်မဖြေနိုင်သေးခင်မှာပဲ သူတို့နှစ်ယောက် ပူးကပ်ပြီး တကြိတ်ကြိတ်ဖြစ်နေတာကို အထူးအဆန်းဟန်နဲ့ ကြည့်နေတဲ့ ဆိုင်ရှင်အဒေါ်ကြီးကို ဟီးခနဲ သွားဖြဲပြလိုက်တယ်၊ အဲ့ဒီ့နောက် အနားကို အတင်းကပ်နေတဲ့ ကောင်လေးရဲ့ပုခုံးကို ဖွဖွလေးထိပြီး အနောက်ကို ပြန်ဆုတ်ပေးလိုက်တယ်၊
YOU ARE READING
" ပန်းလေးတစ်ပွင့် ဖြစ်ခဲ့သည် " [ Zaw × Uni ]
Fanfiction[Unicode]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်နာဆွတ်သည့် ပန်းလေးတစ်ပွင့်သာ..။ [Zawgyi]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်...