အပိုင္း ( ၅၀ ) Uni

4.3K 305 793
                                    

[ ဇာတ်သိမ်းမဟုတ်ပါ..။
ဖတ်ဖတ်ချင်း Author 's note တွေ့ရင် အောင့်သက်သက်ဖြစ်သွားကြမယ်ဆိုတာ နားလည်ပေမဲ့၊ ဒီတစ်ခုတော့ ပြောချင်လို့ပါ၊ အခု ကျွန်တော် Final part ကို ရေးကြည့်တော့ စာလုံးရေက တစ်သိန်းခွဲကျော် နေပါတယ်၊ အဲ့တာကြောင့် အစကတော့ အားလုံးပြီးမှ တင်ပေးဖို့လုပ်ပေးမဲ့.. အရမ်းလွမ်းနေပါပြီ၊ တင်ပေးပါတော့လို့ ခဏခဏတောင်းဆိုနေကြလို့ နှစ်ပိုင်းခွဲပြီး တင်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်၊ အပိုင်း ( ၅၀ ) ( စာလုံးရေ တစ်သိန်းကျော်) ကို အရင်တင်ပေးလိုက်တာကြောင့် အလွမ်းပြေမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျား..

တော်ကြာ update ကြာလို့ စိတ်ကောက်ပြီး ဂျွန့်ဂျွန့်ကို မခေါ်ကြတော့မှာစိုးလို့🥺 ]

________________________________________

.

.

.

.

.

.

.

"ဆောဂန်း ယာလီခရိုင် စစ်ဆေးရေးမှူးရုံးမှ လွန်ခဲ့သော ၄ပတ်အတွင်း လူသတ်မှု၊ မှောင်ခိုကုန်ကူးမှု၊ မူးယစ်ဆေးဖြန့်ချိမှုတို့ဖြင့် တရားစွဲဆိုခံထားရသော တရားခံ အသက် ၄၅ နှစ်အရွယ်ရှိ မင်မျိုးနွယ်အား တစ်သက်တစ်ကျွန်းချမှတ်ဖို့ ရုံးတင်တောင်းဆိုလိုက်ပါတယ်၊

မင်မျိုးနွယ်ဟာ လွန်ခဲ့သော ၂၀၂၀ ခုနှစ် ၉ လပိုင်း အစောပိုင်းမှစတင်၍ တူဖြစ်သူ အီမျိုးနွယ်အား လူသတ်ရန် ခြိမ်းခြောက်ခိုင်းစေခြင်းများ ပြုလုပ်ပြီး၊ အကျိုးအမြတ်ရရှိအောင် ကြံစည်ခဲ့ပါတယ်၊ ပြည်သူတွေအကြား လက်နက်ကိုင် ခြိမ်းခြောက်မှုများအပြင်၊ ဆူပူလှုပ်ရှားမှုကို ဖြစ်စေပြီးသည့်နောက် နယ်စပ်ကို ထွက်ပြေးချိန်မှာပဲ အလျင်အမြန် ဖမ်းဆီးရရှိပြီး တရားစွဲဆိုခံခဲ့ရတာပါ "

"အထက်ပါအဖြစ်အပျက်ကြောင့် ဓားစာခံ ကိုရီးယားစစ်သားများအပြင် ကယ်ဆယ်ရေး တရုတ်ပြည်သူ့စစ်သားများပါ အလွန်အမင်း ထိခိုက်နစ်နာမှုများရရှိခဲ့တာ ဖြစ်ပါတယ်၊ ယာလီခရိုင် ဂိုထောင်ပေါက်ကွဲမှု၊ ပြန်ပေးဆွဲမှု၊ ဟယ်ဂျွန်းအထက်တန်းကျောင်းအနီး လက်နက်ကိုင် ပစ်ခတ်မှု၊ လောင်ဝန်းအဝေးပြေးလမ်းမယာဉ်တိုက်မှု များနဲ့ ဆက်စပ်လျက်ရှိပါတယ်၊ ယခုအချိန်မှာတော့ ထိခိုက်ဒဏ်ရာရကိုရီးယားစစ်သားများအားလုံးကို ကိုရီးယားပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသပေးဖို့ စီစဉ်လျက်ရှိပါတယ်၊

" ပန်း​လေးတစ်​ပွင့်​ ဖြစ်​ခဲ့သည်​ " [ Zaw × Uni ]Where stories live. Discover now