အပိုင်း ( ၁ )

56K 2.3K 131
                                    

" Adam ကြားလား၊
ကြားလား၊ Adam လမ်းရှင်းထား "

နားက နားကြပ်အချက်ပေးစနစ်ကနေ အဆက်မပြတ်ဝင်လာတဲ့ အမိန့်သံကြောင့် သူ့ပစ်ကွင်းက လူနှစ်ယောက်ကို တုံ့ဆိုင်းချင်းမရှိ တိကျမှန်ကန်စွာပစ်ချလိုက်သည်၊တပ်သားနှစ်ယောက် ကျဆုံးမှုကြောင့် တစ်ဖက်ရန်သူစခန်းက လှုပ်လှုပ်ရှားရှားစဖြစ်လာတော့ သူ လှစ်ခနဲအမှောင်ရိပ်ထဲတွင် ပုန်းကွယ်လိုက်သည်။

" အဲ့ဒီ့ဘက်မှာ ရန်သူဘယ်နှစ်ယောက်ရှိလဲ Adam "

" 15 "

" အိုး..  ဒီလိုဆို ငါတောင် ထွက်စရာမလိုတော့ဘူးပဲ၊
ငါတို့ Adam ကိုပဲ အကူအညီတောင်းပါတယ်နော်၊
ကျည်ဆန်လုံလောက်တယ်မလား၊"

တစ်ဖက်ကရယ်သံနှောနေတဲ့ နောက်ပြောင်သံကြောင့် သူ စုတ်သပ်မိသလိုဖြစ်ရင်း အမှောင်ထဲကနေ အမိန့်ပေးနေတဲ့ထိုလူကို မမြင်ရပေမဲ့လည်း တစ်ချက်တော့ပေစောင်းစောင်းမော့ကြည့်လိုက်တယ်၊

တစ်ခုခု ပြန်ပြောဖို့ ပြင်ဆဲမှာပဲ သူပုန်းအောင်းနေသည့်နေရာဘက်သို့ ၀ုန်းဒိုင်းကြဲလာသော သေနတ်ကျည်ဆန်များကြောင့် အကာအကွယ်ယူထားသည့် သစ်သားပြားအထူရဲ့ နောက်ကနေ ခပ်မြန်မြန်လှိမ့်ထွက်ရင်း ခံပစ်တော့ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားသော ရန်သူတပ်များ၊

ထို့နောက် စူးရှတောက်ပနေသည့် မျက်လုံးတွေနဲ့ နေရာမှာဝပ်လိုက်တဲ့ Adam ဆီက ပြတ်သားစွာ ဒိုင်းခနဲပစ်လိုက်သော နောက်ဆုံးတစ်ချက်။

" Clear "

" အိုကေ၊ အထဲဝင်ပြီး ဓားစာခံကို ကယ်ထုတ်ကြတာပေါ့၊
သူတို့ဆီမှာ ဗုံးတွေရှိနိုင်တယ်၊ ခြေလှမ်းတိုင်းကို သတိထားပါ Adam "

နေရာကနေ ဖြည်းညင်းစွာထရပ်လိုက်ရင်း အခြေအနေကို အကဲခတ်ဖို့လုပ်လိုက်တော့ ကျယ်လောင်တဲ့သေနတ်ပစ်သံနဲ့အတူ သူနဲ့မလှမ်းမကမ်းမှာ ၀ုန်းခနဲလဲကျသွားသော ရန်သူတပ်သားတစ်ဦးကို တွေ့လိုက်ရတယ်၊ သူ ခေါင်းမော့ကြည့်လိုက်တော့ ပုန်းခိုရာအမြင့်ကနေ သူ့ဘေးနားထိခုန်ဆင်းလာတာက အဖွဲ့ခေါင်းဆောင် Eliott ဖြစ်လေသည်။

မျက်မှောင်ကြုံလိုက်တော့ သေနတ်ကို ခါးကြားပြန်ထိုးလိုက်သော Eliott က သူ့မျက်နှာကို စနောက်ချင်တဲ့မျက်နှာပေးနဲ့ ပြုံးပြုံးကြီးကြည့်လေတယ်။

" ပန်း​လေးတစ်​ပွင့်​ ဖြစ်​ခဲ့သည်​ " [ Zaw × Uni ]Where stories live. Discover now