အခန်း ( ၁၄ )

8.5K 1.1K 44
                                    

အလင်းပွင့်တွေ ပေးအပ်ဖို့
ကိုယ့်ရင်ခွင်ကို နာနာကျင်ကျင်မီးမြှိုက်ပစ်ခဲ့တယ်.. 
အချစ်, မင်းကတော့ တောက်ပပါစေ..၊






" စီနီယာ Eun ဆီက အရေးပေါ်အချက်ပြတာရှိလာပြီ "

ထမင်းလုပ်ကိုတောင် မြိုမချရသေးခင်မှာ KAI ဆီကထွက်လာတဲ့ သတင်းစကားကြောင့် Lu-Han ဆီက စိတ်ဝင်စားတဲ့ မျက်လုံးလေးတွေ ဘလင်းဘလင်းဖြစ်လာတယ်၊ သူ့ဘေးက Xiao Zhan ကတော့ ထမင်းကို ငုံ့စားနေတုန်း..

" ကြည့်ရတာ သူတို့ Chan-Yeol ကို မလိုတော့ဘူးပဲ "

ဇွန်းလေးတထောင်ထောင်နဲ့ Kyung Soo က ၀င်ပြောလိုက်ရင်း တရုတ်ပြည်လုပ်ဂင်ချီကို မြည်းစမ်းကြည့်လိုက်တယ်၊ အဲ့ဒီ့အချိန်မှ ခေါင်းထောင်လာတဲ့ Xiao Zhan က သူ့ကို မျက်နှာချင်းဆိုင်ကနေ တစိမ်စိမ့်ထိုင်ကြည့်နေတဲ့ Yibo ကြောင့် မျက်လုံးကို ဘယ်နေရာမှမလွှဲတော့ပဲ ပန်းကန်ထဲက ကြက်သားတုံးကို စိတ်ဝင်စားဖွယ်ကြည့်ရင်း ၀င်ပြောလာတယ်၊

" သူတို့က ဘာလို့ Chan-Yeol ကို ခေါ်သွားတာလဲ "

ဂင်ချီကိုသဘောကျနေတဲ့ kyung Soo ကြောင့် သူ့ဂင်ချီပန်းကန်ကိုပါ မသိမသာတိုးပေးလိုက်တဲ့ KAI က Xiao Zhan အသေအလဲစိုက်ကြည့်နေတဲ့ ကြက်သားတုံးကို လိုက်ကြည့်ပြီး သူပြောချင်တဲ့စကားတွေကို Xiao Zhan ဆီရောက်အောင် တစ်ဆင့်စကားပြန်ပေးမဲ့ ကြက်သားတုံးကို တူလေးနဲ့ လှမ်းထိပြီး အပြီအပြင်ရှင်းပြတော့တယ်၊

" စစ်ဖြစ်ဖို့ဆိုရင် Se-Hun ကို ထိခိုက်အောင်လုပ်ပြီး ရန်စဖို့လိုတယ်လေ.. သူတို့ထင်တာက Chan ကို လက်ဦးမှုယူပြီးဖမ်းဆီးထားရင် ဒဏ်ရာအပြင်းအထန်ရတဲ့ Se-hun ကို.."

တမင်လိုလို ရွှဲ့သလိုလိုနဲ့ ကြက်သားတုံးနဲ့ စကားပြောနေတဲ့ KAI ကြောင့် အနေရခက်လာတဲ့ Xiao Zhan က မျက်စောင်းတစ်ချက်ပစ်ထိုးလာရင်း စကားဆက်ပေးတယ်၊

" ကိုယ်ပိုင်ဆရာဝန် Chan-Yeol ကလွဲလို့ ဘယ်သူမှကုသရဲမှာမဟုတ်ဘူး လို့ အပိုင်တွက်ထားတာပဲ.၊ အဲ့ဒါဆို ငါက သူတို့အတွက် မဟာအနှောင့်အယှက်ကြီး ဖြစ်သွားတာလား "

" Bingo!"

လက်မထောင်ပြလိုက်ရင်း KAI က ထမင်းလုတ်ကို ခပ်ကြီးကြီးဝါးလိုက်တယ်၊ ပညာရှိအသွင်ဖမ်းပြီး တွေးတွေးဆဆ၀င်ပြောတဲ့ Lu-Han က ထမင်းကိုလက်စသတ်ပြီးတာမို့ နေရာကနေထရပ်လိုက်တယ်၊ ပြီးတော့ အိပ်ပျော်နေတဲ့ Se-Hun ကို နိုးမနိုးစစ်ဆေးပြီး လွတ်နေတဲ့စောင်ကိုရင်ဘတ်အထိ တိုးခြုံပေးလိုက်တယ်၊

" ပန်း​လေးတစ်​ပွင့်​ ဖြစ်​ခဲ့သည်​ " [ Zaw × Uni ]Where stories live. Discover now