အပိုင်း ( ၂ )

15.2K 1.7K 69
                                    

" ဗိုလ်ကြီး!! "

စခန်းထဲကိုဝုန်းဒိုင်းကြဲပြေးဝင်လာတဲ့ တပ်သားလေးကြောင့် Lu Han က သေနတ်ကို နောက်တစ်ကြိမ်စစ်ဆေးပြင်ဆင်နေရာကနေ တန့်သွားတယ်၊ ချွေးသံတရွှဲရွှဲ နဲ့ မောဟိုက်နေတဲ့ တပ်သားလေးကို ကြည့်ရင်း ခေါင်းမွှေးထောင်စရာပြသနာတစ်ခုခုက သူ့ကို လှမ်းနှုတ်ဆက်နေသလို ခံစားလိုက်ရတယ်။

" ငါ့ကို မပြောနဲ့၊ Adam နဲ့ Victor ကိစ္စလို့.. "

ခေါင်းကိုက်ချင်သွားသလို နားထင်ကိုဖိနှိပ်ရင်း အရှေ့ကနေ ပိတ်ပြောတော့ တပ်သားလေးက ရယ်ချင်နေတဲ့မျက်နှာကို အံကိုတင်းတင်းဖိကြိတ်ရင်း ရုပ်တည်ထားလေတယ်၊ အားယား.. ငါတို့ခေါင်းဆောင်က အမြဲတမ်းတိတိကျကျ ခန့်မှန်းနိုင်တာပဲ...။

" ဟုတ်ကဲ့၊ အတိအကျပါပဲ၊ ဆေးခန်းထဲမှာ Adam က Victor ကို သေနတ်နဲ့ချိန်ထားပါတယ် "

" ဝါးး .. ဒီလူနှစ်ယောက်ကတော့ ဘယ်လိုများ..
ဝါးး အံ့သြစရာပဲ "

သွေးပါဆောင့်တိုးသွားသလို ခံစားရတာမို့ Lu Han စကားတောင် ထပ်မဆက်နိုင်ဖြစ်သွားရတယ်၊ အကြောက်အလန့်မရှိ သွေးအေးခေါင်းမာတဲ့ပုံစံတွေက နှစ်ယောက်သား ညီအစ်ကိုတွေလားလို့ထင်ရအောင်ကို လိုက်ဖက်ပြီးကြောက်ဖို့ကောင်းလွန်းလှတာမို့ တပ်သားတွေက စစ်မြေပြင်ထက် သူတို့နှစ်ယောက်ရဲ့ စစ်အေးတိုက်ပွဲကိုပဲ ပိုကြောက်ကြလေတယ်၊

Lu Han က သူစစ်ဆေးလက်စ သေနတ်ကို ခါးအိပ်ငယ်ထဲထိုးထည့်ပြီး ဝေါ်ကီတော်ကီကို လှမ်းယူလိုက်တယ်၊ဘာဖြေရှင်းချက်မှ ၀င်မပေးမိခင် အထက်ကို ရေးတင်ရမဲ့အစီရင်ခံစာတွေနဲ့ အပြစ်ဒဏ်တွေကိုတွေးမိရင်း ကျောချမ်းသွားရတယ်၊ကျေးဇူးရှင်လေး Xiao Zhan ရယ်..  မင်းရဲ့ ညီလေးကို ဒီလိုပဲ စိမ်းကားရက်စက်တော့မှာလား။

" Victor.. Adam ကြားလား၊ ကြားလား
ကြားရင် အကြောင်းပြန်။ "

" ငါတို့ ရှိတယ်.. "

ဝေါ်ကီတော်ကီကနေ ထွက်ကျလာတဲ့ Lu Han အသံကြောင့် Xiao Zhan က သူ့ကို သေနတ်နဲ့ချိန်ထားဆဲဖြစ်တဲ့ Yibo ရဲ့ အေးစက်ပြတ်သားနေတဲ့မျက်နှာကို အကြည့်မလွှဲပဲ အဖြေပေးလိုက်တယ်၊

" ပန်း​လေးတစ်​ပွင့်​ ဖြစ်​ခဲ့သည်​ " [ Zaw × Uni ]Where stories live. Discover now