အပိုင်း ( ၃၃ )

6.4K 959 190
                                    


" ဆယ်ဟွန်း !! "

" ဗျ "

ဂျောင်ဆူးနဲ့ စကားပြောနေရင်းကနေ သူ့နာမည်ကို အော်ခေါ်သံကြားလိုက်ရတာမို့ ခေါင်းလေးလည်ရင်း မအူမလည် ပြန်ထူးလိုက်တဲ့ ဟွန်းငယ်ကြောင့် မနီးမဝေးကနေ ဟန်မပျက်နေရင်း အကဲခတ်နေကြတဲ့ သက်တော်စောင့်စစ်သားတွေအားလုံးရဲ့ အပြုအမူတွေက ရပ်တန့်သွားကြတယ်၊ ဒါပေမဲ့ အဲ့တာက ခဏတာပါပဲ။

ကားမထွက်သေးတာမို့ သစ်ပင်အောက်မှာ ကျောင်းသားလေးနဲ့ ဆော့နေတဲ့ ဂျုံအင်က သူတို့မျက်စိရှေ့ကို ၀င်လာတဲ့ ဂါဝန်ပန်းနုရောင်လေးနဲ့ ချစ်စဖွယ်မိန်းကလေးကို တစ်ချက်မျှသာကြည့်ပြီး၊ သူ့အလုပ်ကို သူ ဆက်လုပ်တယ်၊ ခရီးသွားကားပေါ်ရောက်နှင့်နေပြီး ခုံနေရာတွေကို နှံ့နှံ့စပ်စပ် စစ်ဆေးနေတဲ့ လုဟန်ကတော့ ကားမှန်ခြားထားတဲ့ Yellow Kid ရဲ့ လွတ်လပ်တက်ကြွတဲ့ပုံရိပ်ကို စူးစိုက်လို့ကြည့်နေတယ်၊

အမျိုးအမည်မသိတဲ့ မနှစ်သက်ခြင်းတွေက သူ့ခန္ဓာကိုယ်တစ်လျှောက်လုံးဖြတ်စီးနေခဲ့ပေမဲ့၊ သက်ပြင်းနက်နက်ကို ရှိုက်ထုတ်လိုက်တဲ့ ဗိုလ်ကြီးလုဟန်က ဟန်ဆောင်ကောင်းဖို့ ကြိုးစားနေခဲ့တယ်၊

"နာမည်က ကျန်းယန်းယွဲ့ IQ - 145
သူ့မိဘတွေက ပေကျင်းရဲ့ လူချမ်းသာအတန်းစားထဲကပဲ၊
ပစ်မှတ်ဖြစ်နိုင်ဖို့ အခွင့်အရေးနည်းလွန်းတယ် "

စစ်သားတွေရဲ့ အချက်ပေးနားကြပ်ကနေ တစ်ဆင့် မိန်းကလေးနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေက တရစပ်ကျလာတယ်၊ အဲ့ဒါက ခရီးသွားကားနဲ့ မလှမ်းမကမ်းမှာ ရပ်ထားတဲ့ အနက်ရောင်မှန်ပိတ်ကားထဲမှာ ထိုင်နေတဲ့ ဘတ်ဟျွန်းရဲ့ အသံပါပဲ၊ လက်တော့ပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနေတဲ့ ဗိုလ်မှူးက ဆရာများနားနေခန်းထဲကနေ လုဟန်ကူးယူလာနိုင်ခဲ့တဲ့ Data တွေကို ခပ်မြန်မြန် မွှေနှောက်လိုက်တာဖြစ်တယ်၊

" ဆယ်ဟွန်းအတွက် မုန့်လုပ်လာခဲ့တာ "

လှပတင့်တယ်တဲ့ မိန်းကလေးက သူ့လက်ထဲက ပန်းရောင်ဘူးလေးကို တယုတယကိုင်ရင်း ( ရှပ်အင်္ကျီအဝါရောင်ကို ဂျင်းတိုလေးနဲ့ တွဲဖက်ဝတ်ဆင်ထားတဲ့ ) ဆယ်ဟွန်းကို မျှော်လင့်တကြီး မော့ကြည့်တယ်၊ ရှက်သွေးဖြာမှုကြောင့် ပါးပြင်မို့မို့ကတော့ နူးညံ့စွာ နီမြန်းနေခဲ့ပြီ၊

" ပန်း​လေးတစ်​ပွင့်​ ဖြစ်​ခဲ့သည်​ " [ Zaw × Uni ]Where stories live. Discover now