အပိုင်း ( ၄၁ ) [ Zawgyi ]

5.2K 460 119
                                    

J.Son

Victor က အလုပ်ကို အရမ်းအာရုံစိုက်မိသွားရင်
အစာစားဖို့ မေ့တတ်တဲ့အကျင့်လေးရှိတာမို့
မင်းကပဲ ငါ့အစားဂရုစိုက်ပေးပါ၊
အစာစားရင်လည်း ပလုတ်ပလောင်းစားတတ်လို့
ဖြည်းဖြည်းချင်းဝါးစားဖို့ မကြာခဏ သတိပေးပါ၊
ပြီးတော့.. ကိုရီးယားက အဖြစ်အပျက်ကို
ကြုံရပြီးကတည်းက တစ်ယောက်တည်းအိပ်ရရင်
အိမ်မက်ဆိုးတွေ မက်တတ်တာမို့
သူ့ဘေးနားမှာ အဖော်ရအောင် သွားအိပ်ပေးပါ၊
အကူအညီတောင်းပါတယ်။

ကျေးဇူးပြုပြီး သူ့ကို ၀မ်းမနည်းစေနဲ့.. ။

Wang Jackson တစ်ယောက် အစာမကြေဖြစ်ပြီး အိပ်မပျော်ခဲ့တာကြောင့် ဟိုဟိုသည်သည်လမ်းလျှောက်နေရင်းကနေ ညီတော်မောင်ပို့ထားတဲ့ စာကိုသတိရသွားတာမို့ လမ်းမီးတိုင်ရဲ့ အလင်းရောင်ရတဲ့ ဆေးခန်းအပေါက်ဝက ခုံတန်းလေးမှာ ထိုင်ပြီး စာဖတ်နေခဲ့တာဖြစ်တယ်၊

စာရွက်ခေါက်ထဲက ပေးစာကို အပြန်ပြန်အလှန်လှန်ဖတ်ပြီးချိန်မှာတာ့ ဆေးဗိုလ်ကြီး Jackson ရဲ့ မျက်နှာက အားပါးတရ ရှုံ့မဲ့လို့သွားလေတယ်၊ ငါ့ရဲ့ ချစ်လှစွာသော ဒီညီလေးက ငါ့ကို အစ်ကိုလို့ရော သဘောထားသေးရဲ့လား၊ အစ်ကိုဖြစ်သူကို ဟန်ဆောင်ပန်ဆောင်စကားလေးနဲ့ နေကောင်းလား လို့တစ်ခွန်းမမေးပဲနဲ့တောင် မျက်နှာပြောင်ပြောင်နဲ့ သူ့အချစ်ကလေးအတွက် မှာစရာရှိတာကို တစ်သီကြီးမှာရဲတယ်၊ ပြောတော့ဖြင့် ငါနဲ့စိတ်မချဘူးဆို! အခုတော့ ငါ့ကို ပစ္စည်းအပ်ဌာနကြီးလို .. အဲ.. ယောက်ျားအပ်ဂေဟာကြီးလို ဆက်ဆံလိုက်တယ်ပေါ့ !!

အားယား.. ကောင်းကျိုးမပေးတဲ့ ညီလေးဝမ်..

မကျေမနပ်နဲ့ ပွစိပွစိရွတ်၊တစ်ဦးတည်း ကျိန်ဆဲဆူပူနေရင်းကနေ ရင်ဘတ်ထဲက ပြည့်အင့်သလိုခံစားမိလာပြန်တာမို့ အစာကြေဆေးစားပြီး ပြန်အိပ်ဖို့ ကြံလိုက်တယ်၊နေရာကထပြီး မှောင်မည်းနေတဲ့ ဆေးပေးခန်းငယ်ထဲကို စမ်းတဝါးဝါးဝင်လာခဲ့တဲ့ ဆေးဗိုလ်ကြီး JackSon က မီးခလုတ်ဖွင့်ဖွင့်ချင်းမှာပဲ ထိတ်လန့်ဖွယ်မြင်ကွင်းကြောင့် လိပ်ပြာလွင့်မတက် ထအော်မိသွားတော့တာပဲ၊

" ပန်း​လေးတစ်​ပွင့်​ ဖြစ်​ခဲ့သည်​ " [ Zaw × Uni ]Where stories live. Discover now