[Copy] အပိုင်း ( ၅၀ ) Part - 1[ Zawgyi ]

1.4K 60 0
                                    

Warning 🚨 Update အသစ်မဟုတ်ပါ ။
မနေ့တင်ထားတဲ့ အပိုင်း ( ၅၀ ) က အရမ်းရှည်လို့ Error တက်နေသူများအတွက် Part ခွဲပြီး တင်ပေးတာပါခင်ဗျ..။

_______________________________________

.

.

.

.

.

.

.

"ဆောဂန်း ယာလီခရိုင် စစ်ဆေးရေးမှူးရုံးမှ လွန်ခဲ့သော ၄ပတ်အတွင်း လူသတ်မှု၊ မှောင်ခိုကုန်ကူးမှု၊ မူးယစ်ဆေးဖြန့်ချိမှုတို့ဖြင့် တရားစွဲဆိုခံထားရသော တရားခံ အသက် ၄၅ နှစ်အရွယ်ရှိ မင်မျိုးနွယ်အား တစ်သက်တစ်ကျွန်းချမှတ်ဖို့ ရုံးတင်တောင်းဆိုလိုက်ပါတယ်၊

မင်မျိုးနွယ်ဟာ လွန်ခဲ့သော ၂၀၂၀ ခုနှစ် ၉ လပိုင်း အစောပိုင်းမှစတင်၍ တူဖြစ်သူ အီမျိုးနွယ်အား လူသတ်ရန် ခြိမ်းခြောက်ခိုင်းစေခြင်းများ ပြုလုပ်ပြီး၊ အကျိုးအမြတ်ရရှိအောင် ကြံစည်ခဲ့ပါတယ်၊ ပြည်သူတွေအကြား လက်နက်ကိုင် ခြိမ်းခြောက်မှုများအပြင်၊ ဆူပူလှုပ်ရှားမှုကို ဖြစ်စေပြီးသည့်နောက် နယ်စပ်ကို ထွက်ပြေးချိန်မှာပဲ အလျင်အမြန် ဖမ်းဆီးရရှိပြီး တရားစွဲဆိုခံခဲ့ရတာပါ "

"အထက်ပါအဖြစ်အပျက်ကြောင့် ဓားစာခံ ကိုရီးယားစစ်သားများအပြင် ကယ်ဆယ်ရေး တရုတ်ပြည်သူ့စစ်သားများပါ အလွန်အမင်း ထိခိုက်နစ်နာမှုများရရှိခဲ့တာ ဖြစ်ပါတယ်၊ ယာလီခရိုင် ဂိုထောင်ပေါက်ကွဲမှု၊ ပြန်ပေးဆွဲမှု၊ ဟယ်ဂျွန်းအထက်တန်းကျောင်းအနီး လက်နက်ကိုင် ပစ်ခတ်မှု၊ လောင်ဝန်းအဝေးပြေးလမ်းမယာဉ်တိုက်မှု များနဲ့ ဆက်စပ်လျက်ရှိပါတယ်၊ ယခုအချိန်မှာတော့ ထိခိုက်ဒဏ်ရာရကိုရီးယားစစ်သားများအားလုံးကို ကိုရီးယားပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသပေးဖို့ စီစဉ်လျက်ရှိပါတယ်၊

ကျေးဇူးတင်ပါတယ်ခင်ဗျာ..
ကျွန်တော်ကတော့ BAF သတင်းဌာနမှ John-Smith ဖြစ်ပါတယ်ခင်ဗျာ "

TV ကနေ တစ်ဆင့်ကြားလိုက်ရတဲ့ သတင်းကြေညာသူရဲ့ ရှင်းလင်းတင်းပြချက်ကြောင့် အိပ်ပျော်လုနီးပါးဖြစ်နေတဲ့ ဂျောင်ဆူးက လှဲနေရာကနေ ထထိုင်လာပြီး အထူးတဆန်း ကြည့်တယ်၊ စကရင်မှာ ပေါ်လာတဲ့ ဓာတ်ပုံထဲက ( မျက်လုံးနေရာကို ဖုံးအုပ်ခံထားရတဲ့ ) အထက်တန်းကျောင်းသားအရွယ်ကောင်လေးကို သူ လှိုက်လှိုက်လှဲလှဲ ရင်းနှီးနေခဲ့တယ်၊ ဒါက အတိတ်မမေ့ခင်က ထမ်းဆောင်ခဲ့တဲ့ နောက်ဆုံးတာဝန်တဲ့လား၊

" ပန်း​လေးတစ်​ပွင့်​ ဖြစ်​ခဲ့သည်​ " [ Zaw × Uni ]Where stories live. Discover now