အပိုင်း ( ၁၆ )

9.1K 1.3K 94
                                    

Title 👇🏻

Holiday : ခွေးလိုဝက်လိုမူးကြမယ်ဟေ့!

( Happy Part only )

" အိုးဟိုး.. Wang Yibo၊ ငါတို့နဲ့လာသောက်စမ်းပါ
သူတောင်ကောင်းမယောင်ဆောင်ချင်ပါနဲ့ကွယ် "

ကိုရီးယားမြေမှာ ခြေချပြီးကတည်းက သူတို့တည်းဖို့အတွက်သီးသန့်ပေးထားတဲ့ စံအိမ်ရဲ့ဧည့်ခန်းမှာ အမျိုးစုံသော ဘီယာဘူးတွေ၊ မက်ဂျူဘူးတွေ ၊ ကိုရီးယားထုတ်ဆိုဂျူ ၊ အမြည်း စတဲ့ မူးယစ်စေတဲ့အရာတွေ တောင်လိုပုံထားတဲ့ ကြားထဲမှာ ဆောင့်ကြောင့်ထိုင်နေတဲ့ Lu-Han က ပြည်ကြီးငါးခြောက်ကို လူမိုက်လိုတမြုံ့မြုံဝါးနေရင်း အဖော်စပ်တယ်၊

ကိုရီးယားတွေအကုန်လုံးက အိမ်ကို နှုတ်ဆက်ဖို့ပြန်သွားရတဲ့ကြားထဲ ပျင်းခြောက်ခြောက်ဖြစ်လွန်းလို့ အရက်သောက်ကြပါမယ်ဆိုမှ ဖိုးသခွားလေး Yibo က ဟိုနားသည်နား အရင် လျှောက်ပတ်ကြည့်ဦးမယ်လို့ ဆင်ခြေပေးလာတာကြောင့် သူ ပွစိပွစိရွတ်နေရခြင်း၊

သောက်ဖော်သောက်ဖက် ညီအစ်ကိုလေး Xiao Zhan ကတော့ ဆိုဖာခြေရင်းမှာထိုင်နေတဲ့ Lu-Han ရဲ့ပုခုံးကို ကျောကပ်မှီပြီး ဘီယာသုံးဘူးလောက်နဲ့ မူးစပြုနေပြီ၊ ဒီကြားထဲ ပြည်ကြီးငါးခြောက်တွေကို မမြင်မစမ်းလှမ်းဆွဲပစ်နေတာမို့ ပန်းကန်သက်သက်ခွဲပြီး ယူရလွယ်အောင် သူ့ပေါင်ပေါ်မှာ တစ်ပန်းကန်တင်ပေးထားရတယ်၊ ဒါတောင် မထင်ရင်မထင်သလို Lu-Han ပါးစပ်ထဲက ဝါးလက်စ ဟာကို အတင်းလာဆွဲလုသေး..။

" မင်းကလည်း ခဏလေးပါကွာ "

ရစ်နေတဲ့အရက်သမားကို Yibo ခေါင်းကုတ်ရင်း ဖြေရှင်းချက်ပေးလိုက်တယ်၊ မိုးချုပ်တဲ့ထိအ၀သောက်ကြမယ်လို့ ကတိပေးထားပေမဲ့လည်း မူးပြီးမမှောက်ခင် သူလုပ်ချင်တာရှိသေးတယ်မလား..။

" ၀မ်အိပေါ် ! လာသောက် လာသောက် ! "

လက်နှစ်ဖက်ကိုယမ်းခါပြီးခေါ်တဲ့ Xiao Zhan က မျက်လုံးမပွင့်၊ ပါးလေးနှစ်ဖက်က ပန်းနုရောင်သန်းစပြုနေပြီ၊ သွားဖြူဖြူလေးတွေပေါ်လာတဲ့အထိ ပြုံးရယ်ပြနေတဲ့ Xiao Zhan ကို Yibo က နှာခေါင်းလေးရှုံ့ပြီး ခေါင်းခါပြလိုက်တော့ အလွန်အမင်း စိတ်ဓာတ်ကျသွားဟန်ရုပ်နဲ့ ခေါင်းငုံ့သွားပြီး ပြည်ကြီးငါးခြောက်ကို မျက်တောင်တခတ်ခတ်နဲ့ အထူးအဆန်းစိုက်ကြည့်တယ်၊

" ပန်း​လေးတစ်​ပွင့်​ ဖြစ်​ခဲ့သည်​ " [ Zaw × Uni ]Where stories live. Discover now