အပိုင်း ( ၁၅ )

9.1K 1K 32
                                    

ကမ္ဘာပေါ်မှာ အလှဆုံးက
ငါ့ရင်ခွင်ထဲက မင်းပါပဲ..။

" မင်းတို့ ငါ့ကို ရယ်စရာမှတ်နေကြတာလား!! "

အမိုးပွင့်သွားအောင် အော်လိုက်တဲ့ တပ်ရင်းမှူးရဲ့ အသံကြောင့် လေ့ကျင့်ကွင်းမှာ လူစုနေတဲ့ တပ်သားလေးတောင် စပ်စပ်စုစုဖြစ်သွားကြပေမဲ့ သေသပ်တဲ့ ယူနီဖောင်းကို ၀တ်ဆင်ထားကြတဲ့ သူတို့သုံးယောက်ကတော့ သတိအနေအထားကနေ မှင်မပျက်ရပ်လျက်သားရှိနေသေးတယ်..၊

မဟုတ်ပါဘူး၊
နည်းနည်းလေးမှ ရယ်စရာလို့မထင်မိပါဘူး၊
လုပ်ချင်တာလုပ်ထားပြီးရင် အိမ်မက်ထဲထိအလည်ရောက်လာတတ်တဲ့ ၀ဖိုင့်ဖိုင့်တပ်ရင်းမှူးရဲ့ ဒေါသအချောင်းချောင်းထွက်၊ပေါက်ကွဲနေတဲ့ မျက်နှာက တကယ်ပဲကြောက်ဖို့ကောင်းပါတယ်၊

ဒါပေမဲ့လည်း ရွေးချယ်စရာမရှိပါဘူး၊
သုံးနာရီတိတိ နားထဲသံပူလောင်းသလို ပျစ်တောက်ပျစ်တောက်ဆူပူတဲ့အသံကို လူ့အသက်တစ်ချောင်းနဲ့ ယှဉ်လဲခဲ့တာမို့ ကျေနပ်ပါတယ်၊ အဲ့ဒီလို စကားမျိုးကို ထုတ်မပြောရဲတာမို့ သူတို့အားလုံး နှုတ်ခမ်းကို ခပ်တင်းတင်းစေ့ပြီး ပိတ်ထားကြတယ်၊

" ဗိုလ်ကြီး Xiao Zhan!! "

" ID 51091 ဗိုလ် ကြီး Xiao Zhan ၊
ကျွန်တော် ရှိပါတယ်၊"

Xiao Zhan အရှေ့ကိုခြေတစ်လှမ်းထွက်လာပြီး နာခံလိုက်တော့ အမြင်မကြည်တဲ့မျက်လုံးတွေနဲ့ စူးစူးရှရှကြည့်တဲ့ တပ်ရင်းမှူးက သူ့ရဲ့ အဆဲခံအဆူခံ ဖောက်သည်လေးကို ပွစိပွစိ မြည်တွန်တောက်တီးလေတယ်၊

" ကိုရီးယားသမ္မတက မင်းကို လေးစားချစ်ခင်သွားလို့ ငါတို့အမိန့်ကို လွန်ဆန်လို့ရပြီလို့ တွေးထားတာလား! "

" မဟုတ်ပါဘူး "

" မင်းတို့အားလုံးအခု ဘာကိုဆုံးရှုံးလိုက်ရလဲသိလား? ဗိုလ်မှူးဖြစ်ဖို့ အခွင့်အရေးတွေက ! အခွင့်အရေးတွေ!! ကျေးဇူးပြုပြီး အေးအေးဆေးဆေးလေး နေလို့မရဘူးလားကွာ "

နဖူးပေါ်က စီးကျနေတဲ့ ချွေးတွေကိုလက်နဲ့ပင့်သုတ်လိုက်တဲ့ တပ်ရင်းမှူးက သူ့ဆီကို တဒီးဒီးဝင်နေတဲ့ ဗိုလ်မှူးကြီးရဲ့ ဖုန်းကိုကြည့်ပြီး သက်ပြင်းချတယ်၊ အမှန်တကယ်တော့ အထက်လူကြီးတွေကို အရေးပေါ်အစည်းအဝေးထိုင်ရအောင်လုပ်၊ မီးမွှေးပေးလိုက်တဲ့ သူတို့အုပ်စုကို ရာထူးဖြုတ်ချပစ်ရင်တောင် ကံကောင်းလွန်းတယ်လို့ခေါ်ရမယ်၊ ခုနပဲ Xiao Zhan တို့ ပါးပါးက သူ့ကို ဒုက္ခရောက်နားပူအောင်လုပ်တဲ့ စစ်သားသုံးယောက်ကို ငိုသံပါကြီးနဲ့ အော်ဆဲသွားပြီးပြီ၊

" ပန်း​လေးတစ်​ပွင့်​ ဖြစ်​ခဲ့သည်​ " [ Zaw × Uni ]Where stories live. Discover now