အမုန်းတရား၏ နောက်တော်ပါး Ep-42
Zawgyi
"ကလင်. . .ကလင်"
မီးဖိုခန်းထဲချက်ပြုတ်နေစဉ် ဧည့်ခန်းအတွင်းမှ ဖုန်းမြည်သံကြောင့် အေပရွန်ပင်မချွတ်အားဘဲ ဧည့်ခန်းသို့ အပြေးသွားရ၏။
ဒီအချိန်ကြီး ဘယ်သူခေါ်တာပါလိမ့်. . .မောင်က ဆေးရုံမှာ အရေးကြီးခွဲစိတ်ကုသမှုရှိသဖြင့် ဖုန်းမခေါ်နိုင်၊ ဖုန်းနံပါတ်ကိုကြည့်လိုက်တော့ နံပါတ်စိမ်းတစ်ခု. . .
"ဟယ်လို"
". . . . ."
"ဗျာ. . ."
". . . . ."
"ဟုတ်. . .ဟုတ်ကဲ့၊ အခုပဲ လာခဲ့ပါ့မယ်"
ဖုန်းချပြီး အေပရွန်ကိုချွတ်ရင်း ဒေါ်ကုကိုအကျိုးအကြောင်းပြောကာ ကားဖြင့်ကျောင်းသို့ ထွက်လာလိုက်၏။
ကျောင်းရောက်တာပင် နေ့တစ်ပိုင်းမရှိသေး ကျောင်းအုပ်ကြီးရုံးခန်းကိုရောက်သွားသည်အထိ ဒီကလေးတွေ ဘယ်လောက်ထိသောင်းကျန်းနေကြသည်မသိ။ အသက်လေးတွေကဖြင့် ငါးနှစ်သာရှိသေးသော်လည်း နှာဘူးထရာမှာ သူတို့ဒက်ဒီနဲ့အပြိုင်နှာထနေကြသောကြောင့် ခုတော့ မိဘခေါ်ရသည်အထိ။
ဆယ်ကျော်သက်ကောင်မလေးတစ်ယောက် ဝတ်ထားသောစကပ်အား လူအများရှေ့တွင် သွားလှန်တက်လိုက်သည်တဲ့. . .
ကျောင်းဝန်းထဲ ကားမောင်းဝင်ခွင့်မရှိ၍ ရှောင်ကျန့် ကျောင်းအရှေ့တွင်ရပ်ကာ ကျောင်းဝန်းထဲဝင်လိုက်၏။ ဂိတ်စောင့်ဦးလေးကြီးကို ပြုံးပြရင်း ကျောင်းဘက်သို့သွားလိုက်တော့ ဆရာမတစ်ယောက်က သူ့ကိုထွက်ကြိုနေသည်မို့ ထိုဆရာမနောက်လိုက်ကာ ကျောင်းအုပ်ကြီးရုံးခန်းရှိရာသို့ သက်ပြင်းချရင်း လိုက်သွားမိသည်။
ထိုဆရာမက ကျောင်းအုပ်ကြီးရုံးခန်းအခန်းတံခါးကို ခေါက်၍ ဝင်ခွင့်တောင်းကာ၊ သူ့အား အထဲသို့သွားရန် ညွှန်ပြလေသည်။
ရှောင်ကျန့် ကျောင်းအုပ်ကြီးကို ခေါင်းငုံ့အရိုအသေပေးရင်း ကလေးနှစ်ယောက်ကို မျက်စောင်းပိတ်ထိုးပေးလိုက်၏။ ရီကျန့်နံဘေးတွင် ခပ်ခွာခွာထိုင်နေသော ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်နှင့် ကောင်မလေးမိဘများဟုထင်ရသော အသက်လေးဆယ်ကျော်လင်မယားနှစ်ယောက်။
YOU ARE READING
အမုန်းတရား၏နောက်တော်ပါး [Completed]
FanfictionM-prage Family Type Fanfiction Wang YiBo & Xiao Zhan