Part-7

14.8K 1.3K 66
                                    

အမုန်းတရား၏နောက်တော်ပါး Ep-7

Zawgyi


  အဝတ်အစားများချိတ်ထားသော နံရံကပ်ဗီရိုကြီးကို ဖွင့်လိုက်ပြီး၊ အံဝှက်အံဆွဲကလေးကို ဖွင့်လိုက်၏။ လှပသော ​ငွေရောင်သေတ္တာဘူးလေးကို ဆွဲယူလိုက်ပြီး သော့ဖွင့်လိုက်သည်။ ဖဲကြိုးရောင်စုံလေးများ၊ ပို့စ်စကဒ်လေးများ၊ ပလက်တီနမ်လေး တစ်ကုံး၊ ဓာတ်ပုံလေးများ၊ ခဲတံလှလှလေးများနှင့် ကလေးလက်ရာ ပန်းချီကားလိပ်ကလေးကို အသာဖွင့်လိုက်သည်။

  မျက်လုံးပြူးပြူး ဖဲကြိုးလေးစီးနှောင်ထားပြီး ဂျပန်ဆံထောက်နှင့် ကောင်မလေးပုံကို ခဲနှင့်ဆွဲထားပြီး၊ အချစ်ဆုံးကောင်မလေး မိန်မိန်ပုံဟု မြှားပြရေးထားပြီး၊ သူ့လက်မှတ်ဟုတ်ဆိုကာ ဂျူနီယာဟု ရေးထားသော လက်ရေးများကို ကြည့်ကာ၊ ကျူးလီရန် ရင်မှာ စူးနင့်စွာ နာကြင်လာရသည်။

  ပစ္စည်းများကို အသာပြန်ထည့်ကာ သေတ္တာလေးကို ပိတ်ပြီး အံဆွဲထဲ ထည့်လိုက်၏။ အံဆွဲသော့ကိုခတ်ပြီး အဝတ်အစား ထုတ်လိုက်သည်။

  ရီပေါ်နှင့် ဂျူနီယာဟာ တစ်ယောက်စီဆိုပါက အဘယ်မျှ ကောင်းမည်နည်း။

  ယခုတော့. . .

  ကျူးလီရန် သက်ပြင်းချလိုက်သည်။

  အဝတ်အစားလဲပြီး အိပ်ခန်းထဲမှ ထွက်ခဲ့သည်။

  "သမီး ဘယ်သွားမလို့လဲ"

  "ရှောင်ကျန့်ဆီ ဘရိတ်ဖတ်(စ်)သွားစားပြီးမှ ဆေးရုံလိုက်ခဲ့မယ်နော် မာမီ"

  "အေး. . .သမီး အားမှလာပါ မား နိုင်ပါတယ်၊ ဂျူတီအော့(စ်) နားချင်နား၊ ဈေးဝယ်ထွက်ချင်လဲထွက်၊ ရုပ်ရှင်ကြည့်ချင်ကြည့်ပေါ့"

  မိခင်၏ အလိုက်သိမှုများကြောင့် မိဘမသိဘဲ မဟုတ်တာဆို၍ ဘာတစ်ခုမှ မလုပ်ခဲ့မိပါချေ။ ယခု ဂျူနီယာနှင့် ပြန်တွေ့သည့်အကြောင်းကိုတော့ လျှို့ဝှက်ထားမိလေပြီ။

  "ကျေးဇူးပဲ မာမီ၊ သမီးလည်း နည်းနည်း နားချင်နေတာနဲ့"

  "ဟုတ်တာပေါ့ နား . .နား ညနေမှာပဲ မာမီတို့ ဆုံကြတာပေါ့"

အမုန်းတရား၏နောက်တော်ပါး [Completed]Where stories live. Discover now