Part-34

16.3K 1.1K 42
                                    

အမုန်းတရား၏နောက်တော်ပါး Ep-34

Zawgyi

  "ကလေးတွေက အစ်ကိုလေးနဲ့ မျက်လုံးပဲတူတယ်နော်"

  "ကျန်တာက ဆရာနဲ့ပဲတူတယ် မိကုရ"

  ဒေါ်ကုနှင့် ဦးရှင်းတို့နှစ်ယောက် ပြောစကားတွေကြောင့် လသားအရွယ်ကလေးလေးနှစ်ယောက်ကို ကြည့်မိ၏။ ဟုတ်တယ်၊ မျက်လုံးလေးတွေကသာ သူနဲ့တူပြီး၊ ကျန်အစိတ်အပိုင်းများက မောင်နဲ့သာ တူနေသည်။

  နီတာရဲကလေးလေးနှစ်ယောက်ကို ကြည့်မိတိုင်း ရင်ထဲပျော်ရွှင်မှုတို့က အနိုင်းထက်အလွန်။ သားလေးတွေရဲ့ မျက်လုံးကလည်း စူးရှတောက်ပပြီး သူတို့လေးတွေရဲ့ဒက်ဒီလို ထက်မြက်မည့်သယောင်ယောင်။

  မောင်နိုးလာတော့ မနက်စာ စားဖြစ်ကြ၏။ သားငယ်ရီရှောင်လေးက စားနေချိန်မှာ ရှူးတွေပေါက်ချ၍ မောင်ကိုယ်တိုင် ဒိုက်ဘာလဲပေး၏။

  ဆေးရုံသွားရန်အတွက် ပြင်ဆင်ပေးပြီးသည်နှင့် မောင်က သူ့နဖူးလေးနှင့် ပါးလေးကို နမ်း၏။ ထို့နောက် သားလေးနှစ်ယောက်ရဲ့ နဖူးလေးနှင့် ပါးလေးကို မွှေးကြူကာ ဆေးရုံသို့ထွက်သွားလေသည်။

  ဟိုအရင်ကတော့ မောင်က ဆေးရုံသို့သွားလျှင် သူအိပ်လိုက်စားလိုက်နှင့်သာ အလုပ်လက်မဲ့ဖြစ်နေရ၏။ ခုသားလေးတွေကိုမွေးပြီး ငါးလအတွင်းမှာတော့ အိပ်ချိန်နှင့်စားချိန်ကို အချိန်လုနေရပြန်သည်။

  သူလသားအရွယ်လောက်တုန်းကရော မား ဒီလိုပဲ အလုပ်တွေရှုပ်နေမည်လား။

  သားလေးတွေ တီတီတာတာပြောတတ်ပြီး ချစ်စဖွယ်ပြောမည့် သုံးနှစ်သားလေးတွေအရွယ်ကို သူ စောင့်ရဦးမည်။ စောင့်နေစဉ်ကာလမှာတော့ သူ သားလေးတွေဝေယျာဝစ္စ၊ မောင့်ရဲ့ဝေယျာဝစ္စတွေနဲ့ နပမ်းလုံးရပေဦးမည်။

  "အစ်ကိုလေး ကျွန်မတို့အလုပ်အားတုန်းလေး တစ်ရေးအိပ်ချင်အိပ်လိုက်ပါလား၊ အစ်ကိုလေးကိုကြည့်ရတာ မျက်တွင်းတွေတောင် ဟောက်ပက်ပက်ဖြစ်နေပြီ"

  သားလေးနှစ်ယောက်ကို ပုခက်လေးထဲ ထည့်သိပ်နေတုန်း အနောက်နားမှ ဒေါ်ကုကလှမ်းပြော၏။ ရှောင်ကျန့် ခပ်နွမ်းနွမ်းအပြုံးလေးဖြင့်. . .

အမုန်းတရား၏နောက်တော်ပါး [Completed]Where stories live. Discover now