Part-5

17.9K 1.6K 33
                                    

အမုန်းတရား၏နောက်တော်ပါး Ep-5

Zawgyi



ရှောင်ကျန့်သည် ကားကို မြင်လိုက်ကတည်းက အိမ်၌ ယောကျာ်းရှိနေသည်ကို အတတ်သိလိုက်သည်။

မိမိကို ရင်ဆိုင်ဖြေရှင်းဖို့ ယောကျာ်းစောင့်နေပြီ။

အောင်နိုင်သူ၏ခြေလှမ်းနှင့် ရှောင်ကျန့် အိမ်ထဲသို့ ဝင်ခဲ့သည်။

"ဆရာ ဒီနေ့ ဘယ်မှမသွားဘူး အကိုလေး"

"ဟုတ်လား အန်ကယ်လ်ရှင်း အခု သူဘယ်မှာလဲ"

"အပေါ်မှာပဲ ဆင်းကို ဆင်းမလာသေးဘူး"

"အိပ်နေတယ် ထင်တယ်၊ ညက ခွဲခန်းဝင်ရတယ် မဟုတ်လား"

"ဟုတ်ကဲ့"

ရှောင်ကျန့် အိမ်သားများရှေ့တွင် ယောက်ျား မကောင်းကြောင်း လုံးဝမပြောသကဲ့သို့၊ ယောက်ျားနှင့် ကတောက်ကဆဖြစ်ခြင်းကိုလည်း ရှောင်ကြဉ်ခဲ့သည်။ လိမ္မာပါးနပ်မှုဖြင့် အဆင်မပြေသည့် မိမိတို့ အိမ်ထောင်ရေးကို မိဘများ မသိစေရန် ကွယ်ဝှက်ခဲ့၏။

"ကျွန်တော် သွားတွေ့လိုက်မယ်၊ နေ့လယ်စာ ကျွန်တော် မစားတော့ဘူး အန်ကယ်လ်ရှင်း၊ သူ မစားရသေးရင်သာ ပြင်ကျွေးလိုက်ပါနော် ကျွန်တော် ပြန်ဆင်းမလာတော့ဘူး"

"ဟုတ်ကဲ့ စိတ်ချပါ အကိုလေး"

ရှောင်ကျန့် အပေါ်ထပ်သို့ တက်ခဲ့သည်။

ယောကျာ်း၏ အိပ်ခန်းတံခါးကို လှမ်းကြည့်လိုက်၏။ စေ့ရုံစေ့ထားသည်။

သူ မိမိကို စောင့်နေသည်မှာ သေချာနေပြီ။ တစ်ခါမှ အိမ်မှာ နေ့ခင်းဘက် မနေခဲ့ဖူးချေ။ ရှောင်ကျန့် ပြုံးလိုက်မိသည်။ မိမိ၏ အိပ်ခန်းအတွင်းသို့ ဝင်ခဲ့သည်။ တံခါးကို စေ့ရုံသာ စေ့ထားလိုက်၏။

သူ ဘာပြောမှာလဲ. . . . .

သူပြောသော စကားအပေါ် ခြေရာနင်း၍ ပြန်ပြောလိုက်ရုံသာ ရှိသည်။

မိမိဘက်က အမှား လုံးဝမရှိစေရ။

ရှောင်ကျန့် အဝတ်အစားကို လဲလှယ်လိုက်သသည်။ ပေါ့ပါးလွတ်လပ်သော ပွယောင်းယောင်းအင်္ကျီကြီးကို ဝတ်ဆင်လိုက်၏။ ထို့နောက် Chaise Longue၌ သက်တောင့်သက်သာထိုင်ပြီး တီဗွီဖွင့်ကာ ကလေးအတွက် ခြေအိတ်ကလေးကို ဆက်ထိုးနေလိုက်သည်။

အမုန်းတရား၏နောက်တော်ပါး [Completed]Where stories live. Discover now