Part-20
18.9K 1.4K 65
အမုန်းတရား၏နောက်တော်ပါး Ep-20
Zawgyi 
  သန့်ရှင်းလတ်ဆတ်သော ပင်လယ်လေရနံ့ကို ရှူရှိုက်လိုက်ရင်း၊ သဲသောင်နုနုလေးများကြား ခြေဖဝညးနစ်ဝင်မှုကို ခံစားလိုက်သည်။
  တရွေ့ရွေ့လမ်းလျှောက် စဉ်းစားနေမိ၏။
  လုကျင်းဝေက ရှောင်ကျန့်လမ်းလျှောက်နေသည်ကို ထီးကြီးကြီးမိုးထားသော သစ်သားပက်လက်ကုလားထိုင်ခုံမှာ ကျော့ဆန့်ထိုင်းရင်း ငေးကြည့်နေမိသည်။
  စိတ်နှင့်ခန္ဓာ ဒွန်တွဲနေပုံမရ။
  ရှောင်ကျန့်စိတ်သည် လွင့်မျောနေပုံရ၏။ ရပ်လိုက်၊ သတိရချိန် သွက်သွက်လှမ်းလိုက် တဖြည်းဖြည်း နှေးသွားလိုက်။ တစ်နေရာကို ငေးနေလိုက်နှင့် အတွေးကမ္ဘာ၏ စိုးမိုးမှုကို ခံစားနေရပုံ ရသည်။
  ယခုအချိန်မှာ ​ဒေါက်တာရီပေါ်လောက် အမျိုးသားအပေါ် ဂရုစိုက်သော ယောကျာ်းမရှိနိုင်အောင်ပင်။
  နာ့ပ်(စ်)မလေးက ရေကူးနေ၏။ သူက အချိုရည်သောက်ရင်းနှင့် ပင်လယ်လှိုင်းတံပိုး ရိုက်ခတ်မှုနှင့် ကမ်းစပ်၏ပြောင်လဲမှုများကို ကြည့်ရှုခံစားနေသည်။ ပြည့်ပြည့်ဝဝခံစား၍မရ ​ဒေါက်တာရီပေါ်က မှာလိုက်၏။
  "ခင်ဗျားသူငယ်ချင်းကို စောင့်ရှောက်ရင်းနဲ့ သူ့စိတ်ထဲမှာ ဘာတွေခံစားနေရတယ်၊ ဘာဖြစ်ချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိခွင့်ရအောင် ကြိုးစားပေးပါလား ကျင်းဝေ၊ ကျွန်တော့်ဘဝမှာ နောင်တဆိုတာမျိုး ထပ်မံမဖြစ်ချင်ဘူး"
  ဟု မှာလိုက်သည်။
  ဆိုလိုသည်က အမျိုးသားဆန္ဒကိုသာလျှင် သူ့ဆန္ဒအဖြစ် ပေးဆပ်မည့် သဘောဟု ကျင်းဝေ နားလည်ထားခဲ့သည်။
  ရှောင်ကျန့် နည်းနည်းဝေးသွားသဖြင့် ကျင်းဝေ ထလိုက်ခဲ့၏။ ​အောက်တိုဘာလဖြစ်၍ မိုးရနံ့ကြွင်းကျန်နေဆဲဖြစ်ရာ အအေးဓာတ်က ရှိနေဆဲ. . .
အမုန်းတရား၏နောက်တော်ပါး [Completed]Where stories live. Discover now