Part-38

13.1K 899 23
                                    

အမုန်းတရား၏နောက်တော်ပါး Ep-38

Zawgyi


  ကမ်းခြေမှ ပြန်ရောက်သည်မှာ တစ်ပတ်ပင်ရှိပေတော့မည်။

  ခုတော့ သားလေးနှစ်ယောက်ကိုအလယ်မှာထားကာ သူတို့က သားလေးတွေရဲ့ ​ဘေးတစ်ဖက်တစ်ယှက်စီတွင် ခုတင်ပေါ်၌ လှဲလျောင်းနေကြသည်။

  သားလေး​တွေရဲ့ကျောင်းပိတ်ရက်နှင့် မောင် ဆေးရုံမသွားသည့်ရက်မို့ မိသားစုခုတင်ကြီးထက် အိမ်ပျော်နေကြသည့် ယောကျာ်းနဲ့သားတွေကို မျက်တောင်မခတ်တမ်း ငေးကြည့်နေမိ၏။

  ခါတိုင်းနေ့တွေဆိုလျှင် သားလေးနှစ်ယောက်က အိပ်ခန်းသပ်သပ်အိပ်၏။ ကျောင်းပိတ်သည့်ရက်များတွင်တော့ သူတို့နှင့်အတူတူ လာအိပ်ကြလေသည်။

  ပေါက်စီလုံးလေးပမာ ဖောင်းကားနေသည့် ပါးနှစ်ဖက်၊ မည်းနက်နေသည့် မျက်ခုံးနှစ်တန်း၊ နှုတ်ခမ်းပါပါး တစ်စုံ၊ လုံးလုံးလေးဖြစ်နေသည့် နှာခေါင်း၊ မျက်တောင်ခပ်စိပ်စိပ်တို့နှင့် ပါးပြင်ပေါ်ရှိ မွှေးညှင်းနုလေးများကို ချစ်လှစွာသော သားလေးနှစ်ယောက်က ပိုင်ဆိုင်ထား၏။

  သူ့အရှေ့တွင်အိပ်ပျော်နေသော သုံး​ယောက်လုံးကိုကြည့်၍ မျက်နှာထက်တွင် အပြုံးတစ်ပွင့် ဖြစ်ထွန်းလာရလေသည်။

  မနက်ခင်းတွင် ကိုယ်ချစ်ရသည့် လူသားလေးတွေကို ပထမဦးဆုံး တွေ့မြင်ရသော ခံစားချက်တို့က ဘယ်အရာနှင့်မှ မလဲနိုင်။

  မျက်လုံးနှစ်ဖက်ကို တံတောင်ဖြင့်ပွတ်ကာ အပေါ်နှုတ်ခမ်းတစ်လွှာကို အောက်နှုတ်ခမ်းတစ်လွှာလေးနှင့် ဖုံးဖိလိုက်သော ရီရှောင်လေးက ငိုတော့မည်သဏ္ဍာန်။

  ရီရှောင်ရဲ့လက်မောင်းလေးကို ဆုပ်ကိုင်ပြီး သူ့ကိုကြည့်စေကာ သူ့နှုတ်ခမ်းပေါ်သို့ လက်ညှိုးလေးဖြင့်တေ့၍ တိုးတိုးနေဟန် အမူအရာလုပ်ပြလိုက်၏။

  "ပါပါး"

  "ဟင်"

  "မောနင်း ကစ်"

  သူ့နှုတ်ခမ်းကို နှုတ်ခမ်းသေးသေးနှင့် ​မောနင်းကစ်ဟုပြောကာ ထိကပ်ရုံနမ်းရှိုက်၏။

အမုန်းတရား၏နောက်တော်ပါး [Completed]Where stories live. Discover now