Part-37

14K 942 47
                                    

အမုန်းတရား၏နောက်တော်ပါး Ep-37

Zawgyi

  "မသွားဘူး၊ သားသားလေးတို့ ကျောင်းမသွားဘူး၊ ဖွားဖွားနဲ့လည်း သွားဘူး၊ ဒက်ဒီနဲ့ပါပါးနဲ့မှ သွားမယ်၊ ဒက်ဒီနဲ့ပါပါးကို​ခေါ်ပေး၊ ခုခေါ်ပေး အီးဟီး...ဟီးဟီး"

  ငိုလည်းငို ခြံထဲမှာလည်း ပတ်ပြေးနေသည့် မြေးလေးနှစ်ယောက်ဟာ သူတို့ဖွားဖွားပင် နိုင်ပုံမရ။

  ပင်လယ်သို့အပန်းဖြေခရီးထွက်ချင်ကြသည်ဟု မြေးလေးနှစ်ယောက်က တောင်းဆိုလာသဖြင့် သားနဲ့သမက်တို့ လိုအပ်သည့်ပစ္စည်းများကို ဝယ်ယူရန် ထွက်သွားကြ၏။

  မြေးလေးနှစ်ယောက်က ကျောင်းမသွားချင်ဘူးဟု တဆာဆာအော်ငိုပြီး၊ ဖွားဖွားတို့အိမ်သွားမည်ဟု ငိုယိုပြီး တောင်းဆိုကြသဖြင့် အဖိုးအဖွားအိမ် ရောက်ရှိလာပြန်သည်။

  ရောက်ရှိလာပြီး ကလေးနှစ်ယောက်ကို အိမ်တွင်ထားခဲ့ကာ ထွက်သွားကြသော ဖခင်နှစ်ယောက်ကိုကြည့်၍ ငိုနေကြပြန်၏။

  ကြည့်ရတာ သူတို့ဖွားဖွားပင် မောဟိုက်​နေပုံရသည်။

  မြေးလေးနှစ်ယောက်က ခြံထဲ၌ ပတ်ပြီးပြေးနေရာမှ သူ့ဆီ တည့်တည့်ထွက်ပြေးလာပြီး လမ်းမပေါ်ထွက်ပြေးလေသည်။ သူ ရုတ်တရက် မြေးလေးနှစ်ယောက်ရဲ့လက်ကို ဆွဲပြီး ကောက်ချီပွေ့လိုက်၏။

  "ကားတွေလာနေတယ်လေ မြေးတို့ရဲ့၊ အပြင်မထွက်ရဘူး"

  "ဖိုးဖိုး သားသားလေးတို့ ကျောင်းမသွားချင်ဘူး"

  "ဘာလို့မသွားချင်တာတုန်း ဖိုးဖိုးကို ပြောပါဦး"

  "ကျောင်းနဲ့စာတွေ သားသားလေးတို့နဲ့ ရန်ဖြစ်ထားတယ်"

  "ဟား...ဟား...ဟား"

  ရီကျန့်လေးက သွက်လက်စွာ ဖြေပြီး၊ ရီရှောင်လေးက သူ့အစ်ကိုပြောတာကို ထောက်ခံကြောင်း ခေါင်းလေးညိတ်သေး၏။

  မြေးနှစ်ယောက်ရဲ့ ပေါက်စီပမာဖြဖွေးဖောင်းအိနေသည့် ပါးဖောင်ဖောင်းလေးတွေကို နှာခေါင်းနစ်ဝင်သည်အထိ နမ်းရှိုက်ပစ်လိုက်လေသည်။

အမုန်းတရား၏နောက်တော်ပါး [Completed]Where stories live. Discover now