Part-8

13.7K 1.2K 60
                                    

အမုန်းတရား၏နောက်တော်ပါး Ep-8

Zawgyi



"အမိန့်ရှိပါ"

"မိန်မိန် နင် ရှောင်ကျန့်ဆီက ပြန်လာပြီး နင်အိမ်ပြန်ရောက်ပြီဆိုတာ ငါ သိတယ်၊ နင် ပြတင်းပေါက်ကို လှပ်ကြည့်လိုက်စမ်း၊ နင့်တို့ခြံပြင်က သစ်ပင်ကြီးအောက်မှာ ငါ့ကားရပ်ထားတယ်"

ကျူးလီရန် ဖုန်းကိုကိုင်ကာ ပြောရင်း. . .

"နင် ဘာတွေလျှောက်လုပ်နေတာလဲ ဂျူနီယာ"

လူကလည်း ပြတင်းပေါက်ရှိရာသို့လျှောက်ပြီး လိုက်ကာကို ပင့်ကြည့်လိုက်သည်။

"ငါနင်နဲ့ စကားပြောချင်တယ်၊ နင် ခုထွက်လာခဲ့ နင်နဲ့ငါ နေ့လယ်စာစားရင်း စကားပြောကြမယ်"

"ကောင်းပြီ ငါ ဆုံးဖြတ်ချက်တစ်ခုခုကို လိုချင်နေတယ်၊ ငါ ထွက်လာခဲ့မယ်၊ ဘယ်ကိုလာရမယ်ဆိုတာသာ ပြော"

"Shang Palaceကို လာခဲ့၊ ငါ နင်ထွက်လာမှ မောင်းသွားမှာနော်"

"အေးပါ"

ကျူးလီရန် တစ်ခုခုကို ပြတ်ပြတ်သားသား ဆုံးဖြတ်သင့်သည်။

ဟန်ဆောင်မှုဖြင့် သူ မနေချင်။

ရီပေါ်၏ ကားနောက်သို့ အသာမှေးလိုက်ခဲ့သည်။

Shang Palace၏ စားပွဲတစ်နေရာ၌ သူတို့ ထိုင်ဖြစ်ကြ၏။ မီနူးကဒ်ကို ယူပြီး၊ ရီပေါ်က သူ့အား ပေးသည်။

"နင်မှာချင်တာသာ မှာလိုက်ပါ၊ ငါစားချင်တဲ့ဆန္ဒ မရှိဘူး"

"သူဟာ သနားစရာကောင်းတဲ့ ယောကျာ်းလေးတစ်ယောက်ပါ"

ရီပေါ်က ပြုံးကာ ခေါင်းညိတ်ပြီး ဝိတ်တာ​လေးအား မှာလိုက်၏။

ဝိတ်တာလေး ထွက်သွားတော့. . .

"ငါ ဆေးရုံကိုလိုက်သွားတယ်၊ နင် ဒီနေ့ ဂျူတီအော့(စ်) အိမ်ကိုဆက်တော့ သူငယ်ချင်းအိမ် ဘရိတ်ဖတ်(စ်)သွားစားတယ်ပြောလို့၊ ငါ အိမ်ကိုဆက်ကြည့်တယ် နင်တို့ရောက်နေတာ ငါသိရလို့ လမ်းထိပ်ကနေ နင့်ကားကို စောင့်ကြည့်နေခဲ့ပြီး နင့်နောက်က လိုက်ခဲ့တာပဲ"

"ဒီလောက် အချိန်တွေအကုန်ခံပြီး နင်ဘာဖြစ်လို့ တွေ့ချင်နေရတာလဲ"

အမုန်းတရား၏နောက်တော်ပါး [Completed]Where stories live. Discover now