Part-9

13.4K 1.2K 69
                                    

အမုန်းတရား၏နောက်တော်ပါး Ep-9

Zawgyi



အိပ်ရာမှနိုးနိုးခြင်း အမျိုးသားခုတင်ကို လှမ်းကြည့်မိသည်။

အမျိုးသားခုတင်သည် သေသပ်စွာဖြင့် သိမ်းဆည်းပြီး ဖြစ်နေ၏။ အိပ်ခန်းပတ်ပတ်လည်သို့ ဝေ့ဝဲကာ ကြည့်မိသည်။ အမျိုးသား၏ အရိပ်အယောင်မျှပင် မတွေ့ရ။

နာရီကို မော့ကြည့်လိုက်တော့ နံနက်ရှစ်နာရီထိုးပြီး ခွန်နှစ်မိနစ်ခန့် စွန်းနေလေပြီ။ အိပ်ရာမှထပြီး ဆေးရုံသို့သွားရန် ပြင်ဆင်လိုက်သည်။ ကိုယ်ပိုင် ဆေးရုံ၊ ဆေးခန်းဖြစ်၍ တော်၏ရော်၏ သူ သဘောမထား။ ပို၍ ဝီရိယရှိသင့်သည်။ ကိုးနာရီအရောက်ဟူသော သူ၏အာရုံက ကြီးစိုးသွားသဖြင့် အမျိုးသားကို ရှာဖွေရန်ကိစ္စကို​မေ့ထားလိုက်၏။

သူ့အိပ်ခန်းသို့ ပြန်ကာ ကိုယ်လက်သန့်စင် ရေချိုးခြင်းကို လျှင်မြန်စွာ ဆောင်ရွက်လိုက်သည်။ ပြီးသည်နှင့် ပစ္စည်းပစ္စများထည့်ထားသော အိတ်ကို ယူကာ အောက်ထပ်သို့ ဆင်းခဲ့၏။

လှေခါးဆင်းရင်း လက်ပတ်နာရီကိုကြည့်လိုက်တော့ ရှစ်နာရီခွဲထိုးနေလေပြီ။ မီးပွိုင့်များတွင်​စောင့်ရမည့် အချိန်ကိုပါတွက်ဆလျှင် မီရုံတင်ပဲ ရနိုင်သည်။

"အန်တီကု ကျွန်တော့်အမျိုးသားကော"

ဧည့်ခန်း၌ ကြက်မွှေးတုတ်ကိုင်ကာ အလုပ်များနေသော အန်တီကုက. . .

"အပြင်သွားတယ် ဆရာ"

"ဘယ်သွားမယ် ပြောသွားသလဲ"

"သိတဲ့အတိုင်းပဲ ဆရာ၊ ကျွန်တော် အပြင်သွားဦးမယ် အန်တီကု ဆိုတဲ့စကားကလွဲရင် အပိုတစ်ခွန်း ပြောမသွားပါဘူး"

အမျိုးသား၏ အေးစက်မှုက သူတစ်ယောက်တည်းအပေါ်တွင် မဟုတ်။ သူ၏ အလုပ်သမားအားလုံးအပေါ်ကိုပါ အေးစက်နေလေသည်။

အမျိုးသားကို ကွာရှင်းသင့်နေပြီလား။

အကယ်၍ ကွာရှင်းမည်ဆိုပါက ရင်သွေးကို သူပိုင်ဆိုင်ခွင့် ရမည်မဟုတ်ပါချေ။ ဥပဒေအရဆိုလျှင် မိခင်ကသာ ပိုင်ဆိုင်ခွင့်ရပေမည်။ သူ ဘာတွေ​လျှောက်တွေးနေပါလိမ့်။ ပြိုကွဲနေသော အိမ်ထောင်စုမှာ လူဖြစ်ရမည့် သူ့ရင်သွေး၏ အနာဂတ်သည် ထူးချွန်ထက်မြက်နိုင်ပါ့မလား။

အမုန်းတရား၏နောက်တော်ပါး [Completed]Where stories live. Discover now