Part-27

18.7K 1.3K 58
                                    

အမုန်းတရား၏နောက်တော်ပါး Ep-27

Zawgyi


  အဲဒီညနေခင်းမှာပဲ ရီပေါ်ကို သူ ပြန်လက်ထပ်လိုက်ရတော့၏။ စိတ်မပါတပါဖြင့် လက်ထပ်လိုက်ရခြင်းသာ။ အေးချမ်းနေပြီဖြစ်သော သူ၏ဘဝလေးက ရီပေါ်ရဲ့ သိမ်းပိုက်မှုကို ခံလိုက်ရခြင်းမျိုး ဖြစ်နေ၏။ သူ့စိတ်ထဲတွင် ကျေနပ်ခြင်းနှင့် မကျေနပ်ခြင်းတွေ လွန်ဆွဲလို့ကောင်းနေဆဲပင်။

  နောက်တစ်နေ့မှာတော့ သူ့ကို ပြန်အပ်ကြဖို့ ပြင်ဆင်ကြ၏။ အမှန်တော့ အလုပ်ကိစ္စဖြင့် Zhuozhouသို့ ရောက်ရှိနေသော မားကို၊ ဖုန်းဆက်အကြောင်းကြားထားပြီးလေပြီ။ မားက ပြန်လည်ပေါင်းစည်းသည်ကို ကောင်းသည်၊ ဆိုးသည် ဤနှစ်လီကို ဘာမှမပြော။

  သို့ပေမယ့် မားရဲ့မျက်နှာပေါ်၌ သူတို့နှစ်ယောက် ပြန်လည်ပေါင်းစည်းခြင်းကို ကျေနပ်ပီတိဖြစ်နေသော အသွင်အပြင်ရှိနေသည်။ မားရဲ့ခံစားချက်ကို သူနားလည်ပါသည်၊ ဘယ်မိဘက သားသမီးတွေကို အိမ်ထောင်ပျက်ဖြစ်စေချင်ပါ့မလဲ။

  မင်္ဂလာဧည့်ခံပွဲကြီး ဖြစ်မြောက်လာဖို့ မားနှင့်ယောက္ခမကြီးက ဦးဆောင်စီစဉ်တော့၏။ အကောင်းတကာ့ အကောင်းဆုံး မင်္ဂလာပွဲမျိုးဖြစ်ဖို့ အားကြိုးမာန်တက် စီစဉ်ကြလေသည်။

  "ငါ ပို့ပေးလိုက်လို့ မင်းတို့ ပြန်လည်ပေါင်းစည်းရတာနော် ငကျန့်၊ ငါ့ကျေးဇူးကို မင်း ဘယ်တော့မှ မမေ့ပါနဲ့"

  လုကျင်းဝေက အသာစီးပြီး ပြောလာပြန်ချေသေး၏။ ရှောင်ကျန့် လုကျင်းဝေရဲ့ဗိုက်ကြောကို ဆွဲလိမ်ကာ တုံ့ပြန်ပြောလိုက်မိသည်မှာ. . .

  "မင်း လုပ်ပေးလို့ ငါ ရင်တုန်းပန်းတုန်နဲ့ ကမ်းကုန်အောင် တုန်လှုပ်ချောက်ချားခဲ့ရတယ်၊ မင်းရဲ့လုပ်ရပ်က ချောက်ကမ်းပါးနှစ်ဖက်မှာ ကြိုးတန်းပြီး လမ်းလျှောက်ခိုင်းသလိုပဲ၊ ငါသာ အလျှောက်မတတ်ရင် ချောက်ထဲပြုတ်ကျ ​သေသွားနိုင်တယ်၊ လွတ်လပ်နေတဲ့ဘဝနဲ့ ဆက်နေခွင့်ရသမျှကို မင်း ရိုက်ချိုးဖျက်ဆီးပစ်လိုက်တာပဲ၊ ဒါကို တွေးမိတိုင်း မင်းကို ဟောဒီလို ဗိုက်ကြောပြတ်အောင် လိမ်ဆွဲပြီး အပြစ်ပေးချင်တယ်"

အမုန်းတရား၏နောက်တော်ပါး [Completed]Where stories live. Discover now