Part-12
14K 1.3K 119
အမုန်းတရား၏နောက်တော်ပါး Ep-12
Zawgyi
  ရှောင်ကျန့် တယ်လီဖုန်းခွက်ကို ချလိုက်၏။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။
  ကျူးလီရန် ဆေးခန်းသို့မလာ။
  ဆေးခန်းကလည်း ကျူးလီရန်ဆီကို ဖုန်းဆက်ခေါ်ခြင်း မရှိပါ။
  အရေးပေါ်လူနာလည်း မရှိပါတဲ့။
  'Wang'သို့ ဖုန်းဆက်လိုက်သည်။
  ရီပေါ်၏ ဖုန်းနံပါတ်ကို နှိပ်လိုက်၏။ စက်ပိတ်ထားသည်။
  ကျူးလီရန်၏ ဖုန်းလည်း ထိုနည်းတူပင်။
  သူတို့နှစ်ယောက် တွေ့ဆုံနေကြပြီလား။
  တွေ့ဆုံရအောင် ကျူးလီရန်၏ဖုန်းနံပါတ်ကို ယောကျာ်း ဘယ်က ရနိုင်မှာလဲ။
  မိမိရှေ့တွင် သူတို့နှစ်ဦး တွေ့ဆုံကြသည်ပဲ။ ဖုန်းနံပါတ်ချင်း ဖလှယ်ခြင်းမရှိကြပါပဲလျက် အဆက်အသွယ်က ဘယ်လိုရသွားကြသလဲ။
  သူတို့နှစ်ဦး တွေ့ဆုံမှုက ယခုမှ မဖြစ်နိုင်။
  ထူးခြားမှု တစ်ခုခုရှိသည်ဟု မိမိရင်ထဲ အလိုအလျောက် ခံစားရသည်။ ဘာထူးခြားမှုလဲဆိုတာ အတပ်မပြောနိုင်ပေမယ့်၊ သူတို့၏ မျက်ဝန်းများမှာ ဖုံးကွယ်မှု ရှိနေသည်။ အနှစ်နှစ်အလလ ကွဲကွာနေသော သူငယ်ချင်းနှစ်ဦး ပြန်လည်ဆုံဆည်းရန် အမြဲတမ်း မျှော်တလင့်လင့်ဖြစ်နေသူနှစ်ဦး တွေ့ဆုံမှုက. . .
  တုန်လှုပ်သွားရသည်။
  မယုံကြည်နိုင်သလို ဖြစ်သွားရမည်။
  အံ့ဩခြင်း၊ ဝမ်းသာခြင်းတို့နှင့် ပတ်ဝန်းကျင် အထူးသဖြင့် မိမိကို သူတို့ရုတ်တရက် မေ့သွားရမည်။
  စကားတွေ ပြောမကုန်အောင် ဖြစ်သွားရမည်။
  ယခုတော့ ထိုသို့ မဟုတ်။
  အေးတိအေးစက် နိုင်လေသည်။
  ထိုအေးစက်မှုမှာ ထိန်းချုပ်မှု တစ်ခုခုရှိနေခြင်းကြောင့်ဟု မိမိ ထင်သည်။
အမုန်းတရား၏နောက်တော်ပါး [Completed]Where stories live. Discover now