Part-13

14.1K 1.2K 112
                                    

အမုန်းတရား၏နောက်တော်ပါး Ep-13

Zawgyi

  ကျူးလီရန်ကို အံ့အားသင့်စွာ ငေးကြည့်လိုက်မိသည်က ရှင်းယီ။

  လုကျင်းဝေကတော့. . .

  "ဒါကြောင့် လောကကြီးကကျဉ်းမြောင်းပါတယ်လို့ ကျုပ်ပြောတာပေါ့"

  "ခက်တာက ရှင်တို့ကို တိုင်ပင်ချိန်မရလိုက်ချိန်မှာ ရှောင်ကျန့် သိသွားတယ်၊ ကျုပ်လဲ ချော်လဲရောထိုင်ပြီး အခုမှ သိတဲ့ဟန် ပြလိုက်ရတာပေါ့"

  ကျူးလီရန်သည် ကျန်သူငယ်ချင်းနှစ်ယောက်ကိုပါ စစ်ကူတောင်းရ၏။ ရှောင်ကျန့်၏ စိတ်ကို သူတို့ သိနားလည်ကြသည်။ သူငယ်ချင်းလေးယောက်ထဲမှာ စိတ်အကြီးဆုံးနှင့် အနိုင်အလိုဆုံး ဖြစ်သည်။ ကျန်သူငယ်ချင်းများက သူ့ကို အမြဲအလျှော့ပေးရသည်ပင်။

  ရှင်းယီက အပျိုကြီးပီပီ စဉ်းစားခန်း ဝင်ပြီးတော့မှ. . .
 
  "ဒါဖြင့် ရှင့်ကို ကျုပ် တစ်ခုမေးမယ်နော် ဒေါ်လီရန်၊ ရှင် မှန်မှန်ဖြေ"

  "အေးပါ. . .ကျုပ် မညာပါဘူး၊ ကျုပ် ခုလို နေရတာကိုပဲ ခေါင်းခဲလှပြီ၊ အပူမရှာချင်ကာမှ ကဲ ဘာမေးမလဲ၊ မေး. . .​မေး"

  "ရှင်. . .ရှင့်ငယ်ကျွမ်းဆွေကို မျှော်လင့်ခဲ့တယ် မှတ်လား"

  "အစွဲအလမ်းကြီးတတ်တဲ့ လူတွေရဲ့စိတ်ဟာ ရူးသွပ်ခြင်းတစ်မျိုး၊ မရင့်ကျက်ခြင်းတစ်မျိုးပဲဆိုတာ ကျုပ် နားလည်ပါပြီ၊ မတွေ့ခင်ကအထိ မျှော်လင့်ခဲ့တာတော့ အမှန်ပဲ၊ ဒါပေမဲ့ တွေ့လိုက်ရတဲ့အချိန်မှာတော့ ရုတ်တရက် ဝမ်းသာတယ်၊ ကျေနပ်တယ်၊ ဒါပေမဲ့ ကျုပ်က အပျိုစင်၊ သူကအိမ်ထောင်သည် ဒါကို ကျုပ်နားလည်တယ်၊ ကျုပ် သူ့ကို မတမ်းတတော့ဘူး၊ စွဲလမ်းခြင်းတွေဟာ အဲဒီမှာပဲ ပျောက်ဆုံးသွားပြီလေ"

  "အဲဒီနေ့ အဲဒီအချိန်မှာပဲ ရှင် ကျုပ်တို့ကို ချက်ချင်း အကြောင်းကြားသင့်တယ်"

  "ဂျူနီယာ တားတယ်၊ သူ့မိန်းမအပေါ် အနိုင်ယူလိုစိတ်၊ မာနပြိုင်စိတ်နဲ့ ငယ်ကျွမ်းဆွေကလွဲပြီး ဘယ်သူ့ကိုမှ စွဲစွဲလန်းလန်း၊ နှစ်နှစ်ကာကာ ချစ်မှာမဟုတ်ဘူးလို့ ပြောထားတဲ့အတွက် သူ့ကြောင့် ငါ့ကို ထိခိုက်မှာ စိုးရိမ်သွားတာ"

အမုန်းတရား၏နောက်တော်ပါး [Completed]Where stories live. Discover now