Part-11

14.2K 1.2K 96
                                    

အမုန်းတရား၏နောက်တော်ပါး Ep-11

Zawgyi

  "ယောကျာ်းရေ သွားတော့မလို့လား၊ ခဏလေး ကျွန်တော့် အချစ်ဆုံးသူငယ်ချင်းနဲ့ တွေ့ပေးချင်လို့"

  ကျူးလီရန် ရင်ခုန်သံတို့ ထိန်းသိမ်းထားသည့်ကြားက ခပ်ရိုင်းရိုင်း ပေါ်ထွက်လာသည်။

  ရုတ်တရက် အငိုက်မိသွားသည်က ရီပေါ် သူရောက်လာမည်ကို ကြိုတင်သိထားပုံ မရသဖြင့် အံ့အားသင့်သွားပုံ ရသည်။ မျက်နှာ ချက်ချင်းပျက်သွား၏။ သို့သော် ချက်ချင်းပင် ဟန်ဆောင်ကာ. . .

  "ဪ. . .ဧည့်သည်ရောက်နေတာကိုး"

  စကားရော ဖွဲရောလုပ်ပြီး ဆိုဖာ၌ မျက်နှာချင်းဆိုင်ဝင်ထိုက်လိုက်သည်။

  ရှောင်ကျန့်စိတ်ထဲ တစ်မျိုးဖြစ်သွား၏။ သူတို့မျက်လုံးများသည် မရိုးသားကြ။ တစ်စုံတစ်ခုကို ဖုံးကွယ်ထားပုံရသည်။ သူတို့အချင်းချင်း အချိတ်အဆက်ရှိနေသလား။

  သံသယဆူးက ရှောင်ကျန့်နှလုံးသားကို စိုက်လေပြီ။

  "ဒေါ်လီရန် ဒါ ငါ့ယောကျာ်းပဲ၊ ယောကျာ်းရေ ခင်ဗျားကတော့ သူ့ကို ခုမှမြင်ဖူးမှာ၊ ကျွန်တော်တို့ မင်္ဂလာ​ဆောင်တုန်းကလည်း သူက အ​မေရိကန်မှာဆိုတော့ မလာနိုင်ဘူး ​ဒေါက်တာကျူးလီရန်တဲ့၊ ငယ်နာမည်က မိန်ပယ်လ်ကျူးကျူးတဲ့လေ၊ ခင်ဗျား ငယ်ကျွမ်းများလား ဂျူနီယာ"

  ကျူးလီရန် တုန်လှုပ်သွားသည်။

  ကြိုတင်ပြင်ဆင်ထားမှုမရှိသော ဇာတ်ကွက်တစ်ခု၌ သူဘယ်လို ကရမည်လဲ။

  သို့သော်. . .

  ရီပေါ်က လည်သည်။ ရုတ်ချည်း ထလိုက်သည်။

  "ဟုတ်လား. . .မင်း. . .မင်းဟာ မိန်မိန်လား၊ ငါ ဂျူနီယာလေ ဒီမှာကြည့်"

  သူ၏ ဘယ်လက်ဖမို့လေးကို ပြလိုက်သည်။ အမျိုးသား၏ ပရိယာယ်ကို သူ ကောင်းစွာ ရိပ်စားမိလိုက်သဖြင့် အမျိုးသားကြိုးဆွဲရာအောက်ဝယ် အလိုက်သင့် ကကြိုးဆင်လိုက်၏။

  ကျူးလီရန်က အခြေအနေအရပ်ရပ်ကို ရိပ်စားမိလိုက်သည်။ မိမိတို့မဖွင့်ဟခင် ရှောင်ကျန့် ရိပ်စားမိသွားပြီဆိုတော့လည်း စွဲလမ်းခြင်းသည် သန့်စင်သောစွဲလမ်းခြင်း ဖြစ်ကြောင်း၊ ရှောင်ကျန့် ယုံကြည်သွားစေရန် ပြလိုက်ရုံသာ ရှိတော့သည်။

အမုန်းတရား၏နောက်တော်ပါး [Completed]Where stories live. Discover now