အပိုင်း ၁

31K 649 6
                                    

(unicode)

ဒေါ်ပပသိင်္ဂီတစ်ယောက် စိုးရိမ်စိတ်တစ်ပိုင်း၊
ဒေါသစိတ်တစ်ပိုင်းတို့ဖြင့် ခြံတံခါးဆီသို့ ကြည်ပြီး ကြည်ပြန်ကြည်နေမိသည်မှာ အခါခါ။ ည ၉ နာရီထိုး​ပြီးဖြစ်သော်လည်း မျှော်နေသူမှာတော့ ပေါ်မလာခဲ့။

" သော်လင်းဖြစ်ပါမလား၊ နင့်အမေ စိတ်ပူနေတော့မှာ၊ ဖုန်းနဲ့ဖြစ်ဖြစ် အကျိုးအကြောင်းပြောလိုက်ပါလား "

" ငါကို ရွာလည်မခေါ်ချင်ဘူးမလား "

" မဟုတ်ဘူးလေ၊ ခေါ်လို့ပဲ ခုကားပေါ်တောင်ရောက်နေပြီးကိုး၊ နင်အိမ်က စိတ်ပူမှာစိုးလို့လေ "

" ပြောစရာ မလိုဘူး၊ ငါကိုသတိရမှာတောင် မ ဟုတ်ဘူး "

မျက်နှာလေးအားဘေးဘက်သို့ စောင်းလိုက်ပြီး ချက်ချင်းအိပ်ဟန်ပြုလိုက်သော သူငယ်ချင်းဖြစ်သူကို ယဥ်ယဥ်ထွေးကြည်လိုက်သည်။ အိမ်နှင့် စိတ်ဆိုးလာပုံရသော စွယ်သော်လင်းသည် ရွာလိုက်လည်မည်အကြောင်းပြချက်ဖြင့် လိုက်ပါလာသည်။ သူငယ်ချင်းဖြစ်သူကို ရွာလည်မခေါ်ချင်၍ ပြောနေခြင်းမဟုတ်။ အားနာလို့ပင်။ ယဥ်ယဥ်တို့ရွာလေးမှာ အေးချမ်းသာယာသည်မှန်သော်လည်း သူငယ်ချင်းစွယ်သော်လင်းတစ်ယောက်တစ်ပတ်ခံအောင်ပင် နေနိုင်ပါမလား တွေးပူမိသည်။ စွယ်သော်လင်းသည် ယောကျာ်းလေးတစ်ယောက်ဖြစ်သော်ငြားလည်း ဖွေးဥနေတဲ့ အသားရေကိုပိုင်ဆိုင်ထားသူ။ သူဌေးသားလေး စွယ်သော်လင်းနှင့် ယဥ်ယဥ်ထွေးသည် တက္ကသိုလ်ပထမနှစ်တည်းမှ သူငယ်ချင်းဖြစ်ခဲ့၍ ခင်မင်ခဲ့သည်မှာလည်း နှစ်အတန်ရှိပြီးဖြစ်သည်။

ဒေါ်ပပသိင်္ဂီတစ်ယောက် ဧည့်ခန်းအတွင်း၌ ခေါက်တုံ့ခေါက်ပြန်လျှောက်နေသည်။ တစ်ဦးတည်းသောသားလေးသည် အခုချိန်ထိ အိမ်ပြန် ရောက်မလာသေး။ ညနေမမှောင်ခင်အမှီ အိမ်ပြန်ရောက်တတ်သူသည် မိမိအား စိတ်ဆိုး၍ ကျောပိုးအိတ်တစ်လုံးဖြင့် အိမ်မှဆင်းသွား၏။ အသက်ပြည့်ပြီးသော သားယောကျာ်းလေးဖြစ်သော်လည်း စိတ်ပူမဆုံးဖြစ်ရ​လေသည်။

" မမကြီး "

" ဦးသောင်း ဘာသတင်းကြားလဲ "

" စွယ်သော်လင်းလေးကို ကောင်မလေးတစ်ယောက်နဲ့ အဝေးပြေးကားဂိတ်မှာ တွေ့တဲ့သူ
ရှိပါတယ်တဲ့ "

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now