အပိုင်း ၃၅

2.7K 112 1
                                    

(unicode)

မျက်လုံးဝိုင်းလေးတို့ကိုကြည်လင်စွာ ပွင့်စေ လိုက်ပြီး ဘေး၌အိပ်စက်နေဆဲ လူကြီး၏မျက် နှာအစိတ်အပိုင်းတို့ကို သေချာကြည့်မိသည်။ ဖြောင့်တန်းသော နှာခေါင်းအမြင့်၊ မနီမညိုဖြင့် သေသပ်နေသည့် နှုတ်ခမ်း၊ ထင်နေသော မျက်ခုံးတန်းထူထူတို့ဖြင့် ဦးဒေါင်းမာန်သည် အချိန်​ပြည့်ကြည်ကောင်းနေပေ၏။

အိပ်နေချိန်ဖြစ်၍ အနည်းငယ်ပွနေသောဆံပင်တို့ထံ အကြည့်ရောက်သွားလျှင် စွယ်သော်လင်း
မျက်နှာလေးထက် ကျေနပ်ပြုံးလေးပေါ်လာ၏။ ဖြီးသိမ်းထားဆံသားတို့​ဖြင့်သာ အမြဲရှိနေသူ
ကို မတူကွဲစွာ ဆံပင်များရှုပ်ပွနေသော အနေထားဖြင့် တွေ့ခွင့်ရှိသည်သူမှာ တစ်ယောက်တည်းရှိသည်ဟူသောအတွေးကြောင့် ကျေနပ်မှုသည်အတိုင်းအဆမရှိ ဖြစ်တည်ရ၏။

မျက်ခုံးထင်ထင်လေးဆီ လက်လှမ်းလိုက်ပြီး လက်မဖြင့် မျက်ခုံးလေးကို အသာပွတ်သပ်ပေးနေမိသည်။ ကြည်ကောင်းနေသော မျက်ခုံးထူထူတို့ကိုကြည်နေချိန် အတွေးထဲပေါ်လာသော ကိုကြီးဒေါင်းမာန်ကြောင့် စွယ်သော်လင်းအတွေး
ကိုအမြန်ဖြတ်ရပေသည်။ အတိတ်ဆိုသည်မှာ ပြီးခဲ့ပေပြီး။ ထို့ကြောင့် လက်ရှိပစ္စုပ္ပန်ကိုသာ ဆုပ်ကိုင်ထားသင့်ပေ၏။

" မပြတ်မသား စိတ်လက်ကျန်တို့ကြောင့် ကျွန် တော် တောင်းပန်ပါတယ်၊ လူကြီးကို ချစ်တယ်နော် "

..📱(ဖုန်းသံ)..📱..

ရုတ်တရက်ထွက်ပေါ်လာသော phone ringtones ကြောင့် လန့်သွားရသည်။ contact name ထံကြည့်လိုက်လျှင် ထူးဆန်းစွာပင် လူထင်ကျော်ထံမှဖြစ်နေ၍ မျက်ခုံးတစ်ဖက်ကိုအသာပင့်တင်လိုက်မိသေး၏။

" Hello လူထင်ပြော "

" မင်းအခု ဘယ်မှာလဲ "

" တိုက်ခန်းမှာပဲလေ၊ ဘာလို့လဲ "

" မင်းနိုးပြီးလား "

" နိုးနေလို့ပဲ မင်းနဲ့စကားပြောနေတာပေါ့၊ ဘာပြောမလို့လဲ၊ တိုက်ရိုက်ပြောလိုက်ကွာ "

" အင်း။ မင်းအကြောင်းသတင်းစာမှာ တွေ့လိုက်တယ်၊ မင်းကိုအမွေဖြတ်လိုက်ကြောင်း "

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now